ဆယ့်ငါးမိနစ်လောက်ကြာတော့ သူတို့သားအဖ အခန်းထဲက ပြန်ထွက်လာပြီး ပေါက်စကတော့ ပါးပြင်နှစ်ဖက် မျက်ရည်စီးကြောင်းလေးတွေ ထင်းလျှက်...။

"ကိုယ်က ပြန်သွားပြီထင်နေတာ"

"အိမ်ကိုလိုက်ပို့ပေးမယ်"

ထိုသို့ပြောပြီးတာနဲ့ ကားပါကင်ဘက် လှည့်ထွက်လာခဲ့လိုက်သည်...။ ကင်မ်ထယ်ယောင်းရဲ့ အရစ်ရှည်တဲ့စကားတွေကို သူမကြားချင်...။

ကားပေါ်တက်ထိုင်လာတဲ့ သူတို့သားအဖကြောင့် တစ်ချက်လှည့်ကြည့်ရင်းမှ

"ဘယ်ရပ်ကွက်မှာနေတာလဲ"

"ဖြောင်းချန်းဒုံ"

ခဏကြာတော့ ကားထဲလေထုက အေးစက်သွားပြန်သည်...။ သူကတော့ ကလေးကိုပုတ်သိပ်နေပေမယ့် ဂျောင်ကုကတော့ ကားကိုဂရုတစိုက်မောင်းနေရသည်...။

"ဟိုရှေ့နားလေးက ကိုယ့်အိမ်"

ကားရပ်တော့ သူက ကျေးဇူးတင်စကားပြောကာ ကားပေါ်ကဆင်းသွားပြီး ဂျောင်ကုဘက်ခြမ်းက မှန်တံခါးကိုခေါက်လာတာကြောင့် မှန်ချကာ မျက်ခုံးပင့်ပြလိုက်တော့~~

"အိမ်ထဲဝင်လည်ဦးလေ... မေမေတို့လည်းရှိတယ်"

"နေပါစေတော့... ကျုပ်အိမ်ပြန်နောက်ကျနေပြီ"

တကယ်လည်းနောက်ကျနေပါပြီ...။ ခုပဲ ၆နာရီထိုးလို့ကျော်နေပြီ...။ ကားမှန်အားပြန်ချဖို့လုပ်တော့ သူက ပျာပျာသလဲဖြင့်အနားကပ်လာကာ

"ခ‌‌ဏ~~ဟိုလေ~ဒီ‌နေ့ကိုယ်တို့သားအဖကို ကူညီပေးခဲ့လို့ ကျေးဇူးတင်ပါတယ်"

ဘာများလဲလို့အရေးတကြီး...။
ကားပေါ်မှာလည်း ပြောပြီးနေတာကို...။

"ကူညီချင်လို့မဟုတ်ပါဘူး... နောက်ဆိုရင်ခင်ဗျားက ကျုပ်ယောကျာ်းဖြစ်လာတော့မှာ... ပေါက်စကလည်း  ကျုပ်သားဖြစ်လာတော့မှာမို့ အကြိုလေ့ကျင့်ကြည့်တဲ့သဘော"

ပြောပြီးတာနဲ့ချက်ချင်း ကားမှန်ကိုတင်လိုက်ပေမယ့် သူ့ဆီကနေ စကားလေးတစ်ခွန်းကို ကြားဖြစ်အောင်ကြားလိုက်ပါသေးသည်...။

*ဂျွန်ကလဲ*တဲ့...။

သူပဲခေါ်ပြီး သူပဲရှက်သွားတဲ့ပုံပါ...။
အိမ်ထဲသို့မဝင်သေးပဲ သူ့ကားကို ငေးကြည့်နေတဲ့ပုံကို မှန်ကနေတဆင့် မြင်နေရတယ်...။ သူစိမ်းယောကျ်ားတစ်ယောက်က ကိုယ့်နာမည်ကို အဖျားဆွတ်ပြီးခေါ်တာကို ခံလိုက်ရတာကြောင့် ပါးပြင်ထက်ပါးချိုင့်လေးထင်းနေအောင် သူပြုံးလိုက်မိတယ်...။

~~STRING~~ (Completed)Where stories live. Discover now