ပခုံးလေးပေါ်မေးလေးတင်စေကာ ဟိုလျှောက်သည်‌လျှောက်လုပ်နေတုန်း ခဏကြာတော့ ဂျောင်ကုပခုံးပေါ်  စိုစိစိအရည်တွေ ကျလာတာကြောင့် အနည်းငယ်မျက်မှောင်ကျုံ့လိုက်မိသည်...။

တစ်ဆက်ထဲမှာပဲ ချဉ်စုပ်စုပ်နို့အနံ့ဟာ နှာခေါင်းထဲပြေးဝင်လာတာကြောင့် စိတ်ရှုပ်သွားရပြန်သည်...။

"အယ်~~နို့တွေအန်ပြန်ပြီ"

နောက်ကျောဘက်ကနေ ကြားလိုက်ရတဲ့အသံကြောင့် သူလှည့်ကြည့်လိုက်တော့ ကင်မ်ထယ်ယောင်းပင်...။

"ဟို....ရရဲ့လား...??"

အဆင်ပြေမပြေမေးနေရင်းမှ ကောင်တာဘက်ချက်ချင်းပြေးကာ တစ်ရှူးတွေသွားဆွဲယူလာပြန်တယ်...။ ပြီးတော့~~

"ပေးပေး~~ကိုယ့်ကိုကလေးပေး"

ဂျောင်ကုကလည်း လက်ထဲမှ ကလေး‌လေးကိုချီချင်နေသေးတာကြောင့် နောက်သို့ခြေတစ်လှမ်းဆုတ်ကာ

"ကျုပ်က ဒီအရည်တွေကိုမမြင်ပဲ ဘယ်လိုသွားသုတ်ရမလဲ...??"

"အာ~~မဟုတ်တာ... ကိုယ်သုတ်ပေးမှာပါ"

ချဉ်စုပ်စုပ်နို့အနံ့ကြောင့် စိတ်ရှုပ်ရသည့်အထဲ သူကအူကြောင်ကြားနိုင်လွန်းတာကြောင့် စိတ်မရှည်ပဲ အော်မိသွားတော့ အနားကပ်လာကာ ပေသွားတဲ့နို့ရည်တွေကို ခပ်ဖြည်းဖြည်းချင်း သုတ်ပေးနေပြန်သည်...။

"အစာမကြေလို့ထင်တယ်... သားက ခဏခဏနို့အန်တတ်တယ်... ခဏနေရင်သားအလှည့်ရောက်ပြီတဲ့"

သူက စကားပြောနေရင်းမှ ဂျောင်ကုအင်္ကျီပေါ်က ပေနေတဲ့နို့ရည်တွေကိုသုတ်ပေးနေသည်...။

တစ်ချက်တစ်ချက် သူ့ဆီကနေရလိုက်တဲ့ ချိုအီအီအနံ့လေးကြောင့် ဂျောင်ကုရဲ့စိတ်တွေ ပြန်ကြည်လာသည်...။ ချဉ်စုပ်စုပ်နို့နံ့မဟုတ်ပဲ ကလေးပေါင်ဒါနံ့...။ ကလေးပေါင်ဒါတောင်မှ နို့နံ့လေး...။

"ကင်မ်ဟန်ဗြော!"

သူနာပြုမလေးရဲ့ခေါ်သံကြောင့် သူက လက်ထဲကပေါက်စအားချီကာ အခန်းလေးထဲဝင်သွားလေပြီ...။ ဂျောင်ကုခမျာတော့ စိတ်ကအိမ်ပြန်ချင်နေသော်ငြား အူကြောင်ကြားသားအဖကို စိတ်မချလို့ ငုတ်တုတ်ထိုင်စောင့်နေရသည့်အဖြစ်...။

~~STRING~~ (Completed)Where stories live. Discover now