"ဖေဖေ့မှာမှ မရှိတာ... အိမ်ပြန်ရင်တိုက်မယ်နော်သား"

"ဟင့်~~နို့နို့~~အင့်~~ဝါး"

ကလေးတို့သဘာဝ လိုချင်တာမရလေတော့ သားဟာ အာခေါင်ခြစ်ကာကျူကျူပါအောင် အော်ငိုပါလေတော့တယ်...။ ဘေးမှာကားမောင်းနေတဲ့သူကိုလည်း အားနာလှပြီ...။

"တောက်စ် !!!"

ရုတ်တရက် ဘရိတ်အုပ်ကာ ကျယ်လောင်စွာတောက်ခေါက်လိုက်သံကြောင့် သားသည် ငိုနေတာကိုချက်ချင်းရပ်ကာ ထယ်ယောင်းရင်ခွင်ထဲတိုးဝင်ပါတော့သည်...။

"ဆောရီး~~ကားတွေပိတ်နေတော့ စိတ်ရှုပ်သွားလို့... ကလေးလန့်သွားသေးလား...??"

ကားမောင်းနေရင်းမှ သားအားလှမ်းကြည့်ကာဆိုလေတော့ ထယ်ယောင်းတစ်ချက်အားနာသွားရကာ ပျာပျာသလဲပြန်ဖြေလိုက်သည်...။

"ဘာမှမဖြစ်ပါဘူး... သားကအဲ့လိုပဲ နေမကောင်းရင် နည်းနည်းအီတတ်လို့ပါ"

ဆေးရုံရှေ့ရောက်တော့ ပေါက်စလေးက အိပ်ပျော်လို့နေပြီ...။ ကားပါကင်ထိုးပြီးနောက်မှာတော့ ထယ်ယောင်းဟာ ကိုယ့်ရှေ့က‌နေ သွားနှင့်တာကြောင့် ဂျောင်ကုလည်း အနောက်ကနေလိုက်ရသည်...။

"သားကိုပြနေကျဒေါက်တာက ဒီနေ့ duty off ရက်မို့ တခြားဆရာဝန်ပဲရှိတယ်တဲ့... နာမည်စာရင်းပေးရမှာဆိုတော့~~"

ထယ်ယောင်းက မျက်နှာလေးညှိုးငယ်ကာ စိတ်ပျက်နေသည့်ဟန်ဖြင့် ဂျောင်ကုကို တွေတွေလေးငေးကြည့်လို့လာသည်...။

"ကလေးပေးထားခဲ့လေ... ကျုပ်ချီထားပေးမယ်"

"အင်း~~ကိုယ်မကြာပါဘူး"

ပေါက်စလေးအား လက်ပြောင်းချီပြီးနောက်မှာတော့ ထယ်ယောင်းက အခန်းတစ်ခုထဲသို့ဝင်သွားသည်။

ဂျောင်ကုလက်ထဲက ပေါက်စကတော့ အိပ်လိုက်တာမှ ခုနကသူမဟုတ်တဲ့အတိုင်း...။ ပေါက်စလို့သာခေါ်နေမိတာ ကလေးက ဝဖိုင့်ဖိုင့်လေးရယ်...။ နေမကောင်းလို့သာ အီနေတာ တကယ်တော့ချစ်မွှေးလေး...။

ပါးလေးနှစ်ဖက်ဟာ ဖောင်းအိကာကိုက်ချင်စရာ...။ လက်လုံး ပေါင်လုံးလေးတွေဟာ တုတ်တစ်လျှက်...။ ပြီးတော့ ပေါက်စမျက်လုံးလေးဟာ ပြာပြာလေး...။ ကင်မ်ထယ်ယောင်းနဲ့မတူပဲ သူ့အမေနဲ့သွားတူတာဖြစ်မည်...။

~~STRING~~ (Completed)Where stories live. Discover now