သူက ပြောပြီးတာနဲ့ ထထွက်သွားတာကြောင့် တစ်ယောက်တည်းကျန်ခဲ့သည်က ဂျောင်ကု...။ ကိုယ့်အဖြေကိုတောင်မစောင့်နိုင်ရအောင် သူ့သားကို တော်တော်ချစ်တဲ့ပုံပဲ...။

~~~~~~STRING~~~~~~

ဂျောင်ကုကော်ဖီဆိုင်ကထွက်ပြီး အိမ်ပြန်ဖို့ကားပေါ်တက်လိုက်ပေမယ့် ရှေ့နားလောက်မှာ ကားရပ်စောင့်နေတဲ့ ထယ်ယောင်းကိုတွေ့လိုက်ရတော့ သူတစ်ချက်အကဲခတ်ကြည့်နေလိုက်သည်...။

သူလည်း ကိုယ့်လောက်နီးပါးချမ်းသာပါလျှက် ကိုယ်ပိုင်ကားနဲ့မလာပဲ တက္ကစီငှားလာရတာလား...??

ပေါက်စလေးငိုသံကလည်း တစ်စတစ်စပိုကျယ်လာ၏...။ မနေနိုင်သည့်အဆုံး သူတို့သားအဖရှိရာသို့ ကားကိုထိုးရပ်လိုက်ရင်း မှန်ချကာ လှမ်းခေါ်လိုက်တော့သည်...။

"တက်~~လိုက်ပို့ပေးမယ်"

သူက ကိုယ့်ကိုမြင်တော့ အံ့သြသွားပုံရသည်...။
မျက်စိလေးပေကလပ်ပေကလပ်နဲ့ မျက်ခုံးတန်းနှစ်ဖက်ဟာ တွန့်ချိုးပြီး စိတ်ညစ်နေသည့်ပုံ...။

"သားကိုဆေးခန်းပြရဦးမှာ"

"အေးလေ~~တက်လို့... လိုက်ပို့ပေးမယ်"

"အင်း~~!"

ကားနောက်ခန်းတံခါးကိုဖွင့်ကာ ဝင်ထိုင်ဖို့ပြင်နေတာကြောင့် ဂျောင်ကု လှမ်းတားရပြန်သည်...။

"အရှေ့မှာလာထိုင်... ကျုပ်က ခင်ဗျားရဲ့ဒရိုင်ဘာမဟုတ်ဘူး"

ထယ်ယောင်းနည်းနည်းလေး လန့်သွားသည်...။
ကိုယ်က အဲ့သဘောမျိုးနဲ့ထိုင်တာ မဟုတ်ပါဘူး...။ ရှေ့ခန်းမှာ ထိုင်မလို့ပါပဲ သူမကြိုက်ဘူးထင်လို့သာ...။

"အဲ~~မဟုတ်ပါဘူး... မကြိုက်ဘူးထင်လို့ပါ"

"မြန်မြန်လာထိုင်... ညနေခင်းကားတွေကျပ်တယ်"

"အင်း~~!"

ကားထဲကိုရောက်တာနဲ့ သားကငိုနေတာကို ခ‌‌ဏရပ်ကာ ထယ်ယောင်းကိုပူဆာပြန်သည်...။

"ဖေ့~~နို့~~အင့်"

"နို့နို့~~ နို့နို့"

ထယ်ယောင်းပေါင်ပေါ်မှာ ကားယားလေးခွကာ မျက်ရည်အရွှဲသားနဲ့ တောင်းဆိုနေရှာတာ...။

~~STRING~~ (Completed)Where stories live. Discover now