ဂျောင်ကုစကားဆုံးတဲ့နောက်မှာတော့ ထယ်ယောင်းရဲ့မျက်နှာလေး တစ်ချက်ညှိုးသွားသည်...။ လက်ထဲမှ ကလေးပေါက်စကလည်း အငြိမ်မနေတော့ပေ...။

သူ့အဖေကိုယ်ပေါ်ကိုကုပ်တက်ပြီး အင်္ကျီတွေဆွဲချနေတာကြောင့် ဆွယ်တာဝတ်ထားတဲ့သူ့အဖို့ ပခုံးစောင်းအထိလျောကျကာ ပခုံးသားဝင်းဝင်းလေးတွေဟာ ထင်းကနဲပေါ်လာသည်အထိပင်...။ ဂျောင်ကုကတော့ ငေးကောင်းကောင်းနဲ့ ငေးကြည့်နေလိုက်မိသည်...။

"မင်းလည်း မြင်တဲ့အတိုင်းပဲ... ကိုယ့်သားက အမြဲအဖေနားကပ်နေတာဆိုတော့ သူများကိစ္စဝင်ပါဖို့ အချိန်မရှိပါဘူး... ကျစ်~~သား!!! ငြိမ်ငြိမ်နေနော်... ဖေဖေစိတ်ဆိုးလာပြီ"

ပခုံးအောက်လျောကျနေတဲ့အင်္ကျီလေးကိုပြန်တင်ရင်းမှ ကလေးကိုလည်း မာန်လိုက်သေးသည်...။ ကိုယ်ကြည့်နေတာကို သူသတိထားမိပုံမရ...။

သူ့သားအတွက်အချိန်ပေးနေရလို့ ကိုယ့်ကိစ္စတွေ ဝင်စွက်ဖက်ဖို့အချိန်မရှိပါဘူးတဲ့...။ ကင်မ်ထယ်ယောင်းဟာ စကားလုံးလှလှလေးသုံးပြီး ဂျောင်ကုကို ဒဲ့ဖဲ့သွားတာ...။

"ဘာမှာဦးမလဲ... တစ်ခုခုမှာလေ...
ရောက်ထဲက စကားတွေများနေမိတာ"

"နေပါစေတော့... ခဏနေပြန်တော့မှာပဲ... သားက နေသိပ်မကောင်းတော့ ဆေးခန်းပြဖို့ရှိသေးလို့ပါ"

လက်ထဲက ကလေးပေါက်စကို့မြှူနေရင်းမှ ဂျောင်ကုကိုစကားပြန်ပြောသည်...။ ကင်မ်‌ထယ်ယောင်းဟာ စကားပြောတာကအစ နေတာထိုင်တာအဆုံး နူးညံ့သိမ်မွေ့လွန်းတယ်...။

"ဟင့်~~ဖေ့ !"

ရုတ်တရက် စားပွဲပေါ်ကဖန်ခွက်အား သားကလှမ်းဆွဲဖို့ပြင်နေတာကြောင့် ထယ်ယောင်းအမြန်ပင် တားလိုက်ရသည်...။ ဒါကိုသားက မကျေနပ်ဘူးထင်ပါရဲ့...။ ပါးစပ်ထဲက ချိုလိမ်လေးအား သူ့လက်နဲ့ဆွဲနှုတ်ကာပစ်ထုတ်ရင်း မကျေနပ်ကြောင်း အော်ငိုပြပါတော့တယ်...။

"အင့်~~အဟင့်~~ဝါး"

ဂဏာမငြိမ်ဖြစ်နေတာကြောင့် လက်ဖျားလေးအား ဆုပ်ကိုင်ကြည့်တော့ တရိပ်ရိပ်တက်လာတဲ့အပူချိန်တွေ...။

"သားက မနေတော့ဘူး... ကိုယ်ပြန်မှဖြစ်တော့မယ်... ဆောရီးပါနော်~~"

~~STRING~~ (Completed)Where stories live. Discover now