ဂျောင်ကုပြောလက်စကိုခဏရပ်ပြီး ထယ်ယောင်းကိုကြည့်လိုက်တော့ သူ့စကားကို စိတ်ဝင်တစားနားထောင်နေတာကြောင့် ကျေနပ်သွားသည်...။ ဒါကြောင့် ပြောလိုတဲ့အကြောင်းအရာကို လိုရင်းပဲပြောလိုက်တော့သည်...။

"အခုချိန်မှထပြီး ဖျက်လို့လည်းမရတော့ဘူး... ခင်ဗျားမိဘ၊ ကျုပ်မိဘတွေမျက်နှာပျက်ကြမှာ... အကုန်ကြေငြာပြီးသား ဖြစ်နေတော့ခက်တယ်... ဒါ့ကြောင့် လက်ထပ်ပြီး၆လအကြာမှာ လမ်းခွဲပေးဖို့တောင်းဆိုတာပါ... ဒီအတွက် ခင်ဗျားမနစ်နာစေရပါဘူး"

ဒီလိုပြောလိမ့်မယ်လို့ သူရိပ်မိပြီးသားပါ...။
၆လနေရင် လမ်းခွဲပေးရမယ် မနစ်နာစေရဘူးတဲ့...။
ကိုယ့်သိက္ခာကို ရှေ့တင်တမင်စော်ကားလိုက်တာနဲ့အတူတူပါပဲ...။

ယောကျာ်းလေးချင်းမို့ နစ်နာစရာမရှိပေမယ့် တမင်သက်သက်ကြီးအနိုင်ယူလိုက်သလို ကိုယ့်တန်ဖိုးက အဲ့လောက်ပဲရှိတာလားလို့ တစ်ချက်တွေးမိသွားတယ်...။

ဘာပဲဖြစ်ဖြစ် ၆လပြည့်တာနဲ့ သူနဲ့လမ်းခွဲပြီးရင် သားကိုအုပ်ထိန်းခွင့်ကတော့ တစ်သက်လုံးရမှာပဲ...။ ထယ်ယောင်းဘက်က ဒီလောက်တော့ရင်းနိုင်ပါတယ်လေ...။

"ဒီလိုတွေဖြစ်လာမယ်မှန်း ကိုယ်ကြိုတွေးထားပြီးသားပါ... အချစ်မပါတဲ့အိမ်ထောင်ရေးတစ်ခုဟာ မခိုင်မြဲတတ်မှန်း ကိုယ်သဘောပေါက်ပါတယ်... မင်းပြောတာကို ကိုယ်လက်ခံပေးမှာပါ"

ရုတ်တရက်သားက ပါးစပ်ထဲက ချိုလိမ်လေးအား ဆွဲထုတ်ဖို့ပြင်နေတာကြောင့် သူလိုက်တားနေရသည်...။ ကလေးတွေဆိုသည်မှာလည်း စကားကောင်းပြောနေရင် လုံးဝဖျက်ဆီးတတ်သည့်အမျိုး...။

အခုလည်း သူလုပ်ချင်တာမလုပ်ရ၍ ထယ်ယောင်းလက်ပေါ်မှာ တွန့်လိမ်နေတော့သည်...။

"ဒီကိစ္စကို မိဘတွေ.."

သူ့ဘက်ကပြောလာမယ့်စကားလုံးတွေကို ကြိုသိနေတာကြောင့် ချက်ချင်းလှမ်းပိတ်လိုက်ကာ ပြန်ဖြေလိုက်သည်...။

"စိတ်ချပါ ကိုယ်မပြောပါဘူး"

"ဒါဆို နှစ်ဦးသဘောတူစာချုပ်ကိုတော့ လက်ထပ်ပြီးစီးတဲ့နေ့မှာ လုပ်ကြတာပေါ့... ပြီးတော့... ကိုယ့်စည်းနဲ့ကိုယ်နေကြတာပေါ့... ကျုပ်ပြောချင်တာက တစ်ယောက်ကိစ္စကို နောက်တစ်ယောက်က ဝင်မစွက်ဖက်ကြေး"

~~STRING~~ (Completed)Where stories live. Discover now