"ငြိမ်ငြိမ်နေသား~~ဖေဖေရိုက်မှာနော်"

သူက ထယ်ယောင်းကိုကြည့်နေရာမှ
သားကို တစ်ချက်လှမ်းကြည့်လာလေသည်...။

"ကဲပါ~~လိုရင်းပဲပြောရအောင်... ခင်ဗျားလည်းသိမှာပေါ့... ကျုပ်တို့လက်ထပ်ပွဲက စီးပွားရေးဆန်တဲ့ လက်ထပ်ပွဲဆိုတာ"

စကားပြောနေတာကိုခဏရပ်ကာ ဟန်ပါပါနဲ့ ကော်ဖီခွက်လေးကို ယူသောက်ပြန်သည်...။ ဂျွန်ဂျောင်ကုရဲ့ပုံစံဟာ အထက်တန်းလွှာပီပီ အနေအထိုင်ကအစ စမတ်ကျလွန်းလှသည်...။ ဆံပင်အနက်ရောင်ကို ဂျယ်အကူအညီဖြင့် နောက်သို့လှန်သိမ်းထားပုံက လူကြီးလူကောင်းဆန်လှစွာဖြင့် formal suit အနက်ကသူ့ body နဲ့လိုက်ဖက်ညီစွာ ခမ်းနားတောက်ပြောင်လို့နေသည်...။ ကိုယ်နဲ့သူဟာ အလွှာခြင်းသိပ်မကွာခြားပေမယ့် သူနဲ့ယှဉ်လိုက်ရင် ထယ်ယောင်းရဲ့အရည်အချင်းက ကလေးကစားစရာသာသာ...။

ထယ်ယောင်းအကဲခတ်နေတာကို ရိပ်မိသွားပုံရတဲ့ ဂျောင်ကုဟာ ကော်ဖီသောက်နေရင်းမှ နှုတ်ခမ်းကို တစ်ချက်သပ်လိုက်တာကြောင့် ထယ်ယောင်းမှာ တစ်ဖက်သို့ချက်ချင်း အကြည့်လွှဲလိုက်ရပါသည်...။

ယောကျ်ားလေးချင်းဆိုပေမယ့် မထိတထိလာလုပ်ပြနေရင် ထယ်ယောင်းရှက်သည်...။ မျက်စိထဲမြင်ယောင်လာပြီး ရေငတ်ချင်သလိုလိုပင်...။ ချက်ချင်းထသောက်လို့လည်းမကောင်း...။

"အဟမ်း~~အဲ့တော့ကျုပ်ဆိုလိုချင်တာက"

သူက အားနာနေသလိုမျိုး စကားကိုမဆက်သေးပဲ ထယ်ယောင်းကို စိုက်ကြည့်နေပြန်သည်...။

"ကိုယ့်ကိုအားမနာပါနဲ့... မင်းဖြစ်ချင်တာကိုပြောပါ... ကိုယ်နားထောင်နေပါတယ်"

ထယ်ယောင်းဘက်ကနေ လိုလိုလားလားပြောလာမှတော့ ဂျောင်ကုစိတ်ကြိုက်ပေါ့...။ အစပိုင်းကတော့အားနာမိပေမယ့် အခုတော့ သူ့ဆန္ဒတွေကို အကုန်ဖွင့်ချပစ်မည်...။

"ဒီလိုပါ~~ကျုပ်တို့က နှစ်ဦးသဘောတူချစ်လို့လက်ထပ်မှာလည်းမဟုတ်... မိဘသဘောတူလို့ ပေါင်းဖက်ကြရမယ်ဆိုပေမယ့် အမှန်တိုင်းပြောရရင် ကျုပ်လက်မထပ်ချင်သေးဘူး... ကျုပ်မှာက ချစ်ရတဲ့မိန်းကလေးလည်း ရှိနေတော့"

~~STRING~~ (Completed)Where stories live. Discover now