ဂျောင်ကုဘက်ကနေ နည်းနည်းလေးကြပ်လိုက်တော့ မေမေဟာ ပျာပျာသလဲဖြင့် စကားပြင်လေတော့သည်...။

*မဟုတ်ပါဘူး သားရယ်... သားက သိပ်လက်မခံချင်သေးတော့ သူ့ကိုပြဿနာ သွားရှာမှာစိုးလို့ပါ... မေမေက ပိုလို့တောင်ပေးတွေ့စေချင်သေး... သားတို့ချင်း ရင်းနှီးမှုရတော့ ပိုအဆင်ပြေတာပေါ့*

သူဖုန်းထဲကနေ ခပ်ကြိတ်ကြိတ်ရယ်လိုက်မိသည်...။ အမှန်တော့ ပြဿနာသွားရှာမှာထက် ကိုယ့်စိတ်ထဲကရှိသမျှကို ရှေ့တန်းတင်ပြီး အနိုင်နဲ့ ပိုင်းချင်ယုံသပ်သပ်ပင်...။

*ဒါဆို သားသူနဲ့ ညနေတွေ့လို့ရအောင် မေမေစီစဥ်‌ပေးပါလား*

*အင်း...ကောင်းပြီလေ... သူ့အိမ်ကိုမေမေ ဖုန်းဆက်ပေးမယ်... သားတို့ချင်းစကားပြောဖို့နေရာကရော*

*သားတို့ကုမ္ပဏီအောက်က ကော်ဖီဆိုင်မှာဆို အဆင်ပြေပါတယ်မေမေ... သား၄နာရီလောက်ဆို ရုံးဆင်းမှာဆိုတော့ သူ့ကိုအဲ့ဒီအချိန်တွေ့ဖို့ပြောလိုက်ပါ*

*သားကသူ့ကိုတွေ့ရင် မှတ်မိပါ့မလား*

မမှတ်မိစရာလားလေ...။ မနေ့ညကတစ်ညလုံး ကင်မ်ထယ်ယောင်းဆိုသူရဲ့ ကိုယ်ရေးအချက်အလက်တွေကို သူမွှေနှောက်နေတာ...။ မသိချင်းမသိ သူ့ဘက်ကနေ ကိုယ့်ကိုမသိရမှာ...။ ကိုယ်ကတော့ သူ့အကြောင်းတစ်စိတ်တစ်ပိုင်းကို သိနှင့်နေပြီ...။

*မှတ်မိပါတယ်မေမေ
ဒါပဲနော်~~သားအလုပ်တွေရှိသေးလို့*

ဂျောင်ကု ချက်ချင်းပဲဖုန်းကိုချလိုက်သည်...။
မေမေက ဖုန်းပြောတိုင်းတော်ရုံနှင့်မပြီးတတ်လို့...။

သက်ပြင်းတစ်ချက်ချကာ နံရံကပ်နာရီကို တစ်ချက်ကြည့်လိုက်တော့ နေ့ခင်းတစ်နာရီပင်ထိုးလုပြီ...။

မနက်ခင်း breakfast ဝိုင်းမှာ ပြဿနာနည်းနည်းတက်သွားတာကြောင့် အစာပင်သိပ်မဝင်ခဲ့။ အခုလည်း သူစားချင်စိတ်မရှိ...။

ဂျူယောင်းကလည်း မနေ့က flight နဲ့ ရှန်ဟိုင်းကို ကြော်ငြာကိစ္စအတွက်သွားတော့ ဂျောင်ကုအနားမှာမရှိ...။ သူတောင်လေဆိပ်ကို လိုက်ပို့ပေးခဲ့ရသေးသည်...။

~~STRING~~ (Completed)Where stories live. Discover now