စီးပွားရေးဆန်တဲ့ လက်ထပ်ပွဲတစ်ခုဆိုပေမယ့် မေမေတို့ပြောပုံအရ ကိုယ့်ဘက်ကနေ အရှုံးလုံးဝမရှိ...။ လိုလိုလားလားနဲ့ လက်ခံခဲ့တဲ့ တစ်ယောက်သောသူကိုတော့ စိတ်ထဲကနေ အထင်သေးမိတာတော့အမှန်...။

နှုတ်ခမ်းလေးအား ကွေးညွတ်နေအောင် တစ်ချက်ပြုံးကာ လက်ပတ်နာရီလေးအား တစ်ချက်မြှောက်ကြည့်လိုက်သည်...။

နေ့ခင်းပိုင်း ထမင်းစားချိန်ပင်ကျော်ချေပြီ...။
ညနေ ကင်မ်‌ထယ်ယောင်းနဲ့ တွေ့ကိုတွေ့ရမည်...။
စကားပြောကြည့်ပြီး သူ့အခြေအနေကို အကဲခတ်ရင်းမှ ကိုယ်ဖြစ်ချင်တာကိုလည်း ပြောရမည်...။

သူ့ဖုန်းနံပါတ်ကလည်း ကိုယ့်ဆီမရှိ...။
သူနဲ့ကိုယ်ဟာ တစ်ခါဖူးမျှတောင် မရင်းနှီးဖူးလေတော့ တွေ့ဆုံဖို့ကခက်နေသည်...။

မေမေ့ကို အကူအညီလှမ်းတောင်းရင်ရတာပဲ...။
သူ့မိသားစုဖုန်းနံပါတ် ဒါမှမဟုတ်လည်း သူ့ဖုန်းနံပါတ်ရှိချင်ရှိမှာပေါ့...။

ဂျောင်ကုဆက်ပြီး စဉ်းစားမနေတော့ပဲ အိမ်ဖုန်းနံပါတ်ကို လှမ်းခေါ်လိုက်တော့ သိပ်မကြာခင်မှာပဲ မေမေကိုယ်တိုင် ဖုန်းပြန်ဖြေလာတယ်...။

*ဟဲလို !!*

*မေမေ~~သားပါ ဂျောင်ကု
သားကို ကင်မ်ထယ်ယောင်းရဲ့အိမ်ဖုန်း ဒါမှမဟုတ် သူ့ဖုန်းနံပါတ်လေးပေးပါလား*

မေမေ့ဆီကနေ ဖြေဆိုသံကြားတာနဲ့တစ်ပြိုင်နက် ဂျောင်ကု ဆက်တိုက်ပြောချလိုက်သည်...။ သူ့အမေးကိုကြားတာနဲ့ မေမေအံ့သြနေတော့မှာလေ...။ ဘာလို့လဲဆိုရင် သူမနက်က အဲ့ကိစ္စနဲ့ပတ်သတ်ပြီး အိမ်မှာပြဿနာဖြစ်ခဲ့သေးတာကိုး...။

*သားက ဘာဖြစ်လို့ !*

မေမေ့ဆီကနေ မေးခွန်းတွေလာတော့မှာ သူသိသည်...။ မေးခွန်းတွေဖြေဖို့အတွက် သူ့မှာအဖြေရှိပြီးသား...။ ဒီလောက်လေးမှ မလှည့်တတ်ရင် ဂျွန်ဂျောင်ကုမလုပ်ဘူး။

*ကိုယ်နဲ့လက်ထပ်ရမယ့်သူတစ်ယောက်ကို အကဲခတ်ကြည့်ချင်လို့လေ မေမေရယ်... တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးမှုလည်း ယူသင့်တယ်ထင်လို့... ဘာလဲ မေမေက ပေးမတွေ့စေချင်ဘူးပေါ့*

~~STRING~~ (Completed)Where stories live. Discover now