ရန်ကျီဇောင်က သမားတော်ကို အခကြေးငွေပေးပြီး ရန်ရှန်းကို အပြင်လိုက်ပို့ဖို့ပြောလိုက်တယ်။သူက ဒီဆေးကို စားသင့်လားဆိုတာအချိန်အကြာကြီးတွေးနေခဲ့တယ်။နောက်ဆုံးမှာ သူကဒီအခွင့်အရေးကိုရယူဖို့ဆုံးဖြတ်လိုက်တယ်။သူက ဆေးသောက်ပြီး မကြာခင်မှာ သူ့ရဲ့ခန္ဓာကိုယ်က အရိုးတွေကျိုးကုန်သလိုမျိုးနာကျင်လာတယ်။နာကျင်မှုက သူထင်ထားတာထက်ဆိုးနေပြီး သူကနာကျင်စွာ အော်လိုက်တယ်။

ရန်ရင်းက နာကျင်စွာအော်တဲ့အသံကို ကြားတော့ အခန်းထဲကို ပြေးဝင်လာခဲ့တယ်။သူက ရန်ကျီဇောင်က နာကျင်စွာအိပ်ရာပေါ်မှာ လူးလိမ့်နေတာကို တွေ့တော့"သခင်လေး ဘာမှားနေလို့လဲ?"

အိပ်ရာပေါ်မှာရှိနေတဲ့ ရန်ကျီဇောင်၏မျက်နှာက ဖြူဖျော့နေပြီး နောက်ဆုံးမှာတော့ သူကအားတင်းပြီးပြောလိုက်တယ်"ငါအရမ်းနာနေတယ်။သွား သမားတော်ကို ပြန်ခေါ်လာခဲ့"

"ဟုတ် ဟုတ်"ရန်ရင်းက ပြေးထွက်သွားပြီး သမားတော်ကို ပြန်သွားခေါ်ခဲ့တယ်။

"မင်းအခု ငါ့သခင်လေးကို ဘယ်လိုလုပ်ပေးမှာလဲ?"ရန်ရှန်းက သမားတော်ကို အော်လိုက်တယ်။

သမားတော်က ပြောလိုက်တယ်"ကျုပ်က သူပြတဲ့ဆေးနဲ့စစ်ဆေးပေးတာကလွှဲပြီး ဘာမှမလုပ်ခဲ့ဘူး"

"ဒါဆို သူက ဘာလို့နာကျင်နေရတာလဲ?"ရန်ရှန်းကပြောလိုက်တယ်။

"သူက အဲဒါပတ်သက်ပြီး ဘာမှမလုပ်ခဲ့ဘူး"ရန်ကျီဇောင်ကသမားတော်ကို မြင်တော့ပြောလိုက်ပြီး"ဒီကိုလာပြီး ငါကဘာမှားနေလဲဆိုတာကြည့်ပေး"

သမားတော်က ရန်ကျီဇောင်၏သွေးခုန်နှုန်းကို စမ်းသပ်ပြီး အံ့အားသင့်စွာပြောလိုက်တယ်"တကယ်ကို မင်းရဲ့စိတ်စွမ်းအင်က ပုံမှန်မဟုတ်တော့ဘူး"

"ဘယ်လိုဖြစ်တာလဲ?"ရန်ကျီဇောင်က မေးလိုက်တယ်။

"အစကတော့ မင်းရဲ့ခန္ဓာကိုယ်ထဲက စိတ်စွမ်းအင်တွေက မသန့်စင်ဘူး။ဒါပေမဲ့ အခုမင်းရဲ့စိတ်စွမ်းအင်တွေက လုံးဝသန့်စင်နေပြီး ပေါများနေတယ်။မင်း အဲဒီဆေးပြားကို စားခဲ့တာလား?"

ရန်ကျီဇောင်က ခေါင်းငြိမ့်လိုက်တယ်။

"ဒီဆေးက မင်းရဲ့စိတ်စွမ်းအင်နယ်မြေကို အကျိုးရှိစေတယ်"သမားတော်က ရန်ကျီဇောင်၏လက်ကို ချလိပြီး"အခုတော့ ကျုပ်ပြောနိုင်တာ ဒါအကုန်ဘဲ။အခု ကျုပ်တို့က နာကျင်မှုသက်သာသွားတဲ့အချိန်ထိ စောင့်ကြည့်ရမယ်"

COTAW(Zawgyi)Where stories live. Discover now