ဒီစကားက အန်းရန်ကို အနည်းငယ်မူးဝေသွားစေခဲ့တယ်။

ဟုတ်တယ်။ အရင်တုန်းက အလိုက်သိနားလည်တတ်ပြီး ကျန်မိသားစုမှာနေရာရဖို့အတွက် သူကကျန်းမိသားစုနဲ့အဆက်အသွယ်ဖြတ်ပြီးမှ လာခဲ့တာလို့ပြောထားခဲ့တယ်။ ဒါပေမဲ့အခုတော့ သူကပါး,မားနဲ့ခေါ်လိုက်တာက liveအလွှင့်ခံလိုက်ရတယ်။ အစကလည်း ကျန်းမိသားစုနဲ့ဆက်ဆံရေးကို ဆုတ်ဖြဲပြီးသားဖြစ်နေပြီး အခုတော့လည်း သူ့ရဲ့မူလမိသားစုနဲ့ဆက်ဆံရေးက အန္တရာယ်အခြေအနေထဲ ကျရောက်သွားရပြန်ပြီ!

အန်းရန်အလျင်အမြန် စာပြန်လိုက်တယ် "မဟုတ်ပါဘူးပါပါး ကျွန်တော်ပြောတာနားထောင်ပါ ကျွန်တော်နောက်မှရှင်းပြပါ့မယ်"

ဒီအချိန်မှာသူနားလည်လိုက်ရတာက သူဘယ်လိုပဲရှင်းပြပြ မရနိုင်တော့ဘူးဆိုတာပဲ။ ပြီးတော့သူဒီလိုကျဥ်းထဲကျပ်ထဲရောက်နေတာက အင်တာနက်သုံးစွဲသူတွေစီကနေ ကျန်ရှင်းဆွေ့အပြင်းအထန်တိုက်ခိုက်ခံရတုန်းက ဆွံ့အမှုတွေကို နားလည်သွားရစေတယ်။

.....

ခြံဝန်းရဲ့အပြင်ဘက်မှာ အိမ်နီးချင်းတွေနဲ့ သတင်းကြားပြီး ဖရဲသီးလာစားကြတဲ့သူတွေဟာ စုဝေးလို့ရောက်လာကြတယ်။

အိမ်နီးချင်းတွေကလည်း ခံစားချက်တစ်ချို့ကို ထုတ်ပြောလာကြတယ် :

"ကလေးနှစ်ယောက်လုံးက ဘာလို့သားအရင်းတွေ မဟုတ်ရတာလဲ?"

"အစပိုင်းတုန်းက ဆွေ့ဆွေ့ပြန်လာတာကို ကန့်ကွက်နေတာ ဒါတွေကြောင့်ကိုး"

"ကျန်ရှင်းဆွေ့ဆိုတဲ့ကလေးက တကယ်သနားဖို့ကောင်းတာပဲ"

အန်းရန်က ပိုပြီးစိတ်လောနေတော့တယ်။ အခုအချိန်မှာတော့ ဒီနေရာကနေ မြန်မြန်ပဲထွက်သွားချင်တော့တယ်။ ပြန်သွားပြီး အေးဂျင့်နဲ့ဆွေးနွေးရမယ်။ ကျန်မိသားစုနဲ့လည်း သေချာရှင်းပြရမယ်။ ဒါပေမဲ့သူတံခါးဖွင့်ပြီး အပြင်ထွက်လိုက်တဲ့အချိန်မှာ လူတစ်ယောက်ကတားဆီးလာလေတယ်။

ရှောင်ကျန်းက အန်းရန်ရဲ့လက်ကိုဆွဲကာ "ရန်ရန်!"

အန်းရန်ကြောင်အသွားကာ "မင်းကဘယ်သူလဲ?"

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now