"သား~~သားလက်ခံပါ့မယ်... ဒါဆိုရင်သားလေးကို သားရဲ့သားအရင်းအဖြစ် မွေးခွင့်ရမှာလားဟင်...??"

"မင်းကတိတည်ရင်ပေါ့~~"

"သား~~သားကတိတည်ပါတယ်မေမေ
သားသူနဲ့လက်ထပ်ပါ့မယ်"

"အိုကေ~~ဒါဆိုဟိုဖက်ကို မင်္ဂလာဆောင်မယ့်ရက်ရွေးဖို့ ပြောလိုက်တော့မယ်နော် ယောကျ်ား"

"အကုန်လုံးမင်းစီစဉ်နေတာပဲ... ငါ့သဘောထားကိုဘယ်နှစ်ခါမေးဖူးလို့လဲ...?? မင်းဟာမင်းလုပ်ချင်တာလုပ်"

သတင်းစာခေါက်ကိုပစ်ချကာ ထထွက်သွားတဲ့ဖေဖေကြောင့် မေမေဟာစိတ်တိုကာ ဒေါသတွေထွက်နေလေရဲ့...။

ကြာကြာဆက်နေရင်ကိုယ်ပါ စက်ကွင်းမလွတ်မှာစိုးရသည်...။ အပေါ်မှာလည်း သားလေးတစ်ယောက်တည်း ထားခဲ့ရတာကြောင့် မေမေ့အရှေ့မှထထွက်လာရင်း သားရှိရာအပေါ်သို့ တက်လာခဲ့လိုက်သည်...။

ကိုယ့်အခန်းရှေ့မှာ သားကိုချီကာ ခေါက်တုန့်ခေါက်ပြန်လျောက်ရင်း ချော့နေတဲ့ကလေးမလေးကြောင့် ကျေးဇူးတင်သလို အားလည်းနာရသည်...။ သားခန္တာကိုယ်က ဝဖိုင့်ဖိုင့်ရယ်...။ ထိုကလေးမလေးက အကောင်ညှက်ညှက်ကလေး...။

"ကျေးဇူးတင်ပါတယ်ညီမလေးရယ်
သားငိုနေသေးလားဟင်...??"

ကလေးမလေးဆီက သားကိုလက်ပြောင်းယူတော့ သားကအိပ်ပျော်လို့နေသည်...။ ငိုရတာမောလို့ အိပ်ပျော်သွားပုံပင်...။

"ချီလာကာစက ငိုပါသေးတယ်အကိုလေး...
နေမကောင်းဘူးထင်တယ် အသားတွေပူနေတယ်"

"အင်း~~ဟုတ်တယ်
မနက်ထဲကဖျားနေတာ"

"ဟုတ်ကဲ့~~သွားခွင့်ပြုပါဦးနော်"

ကောင်မလေးက ခေါင်းလေးငုံ့ကာ အရိုသေပေးလျှက်ထွက်သွားတာကြောင့် သားကိုချီကာအခန်းထဲပြန်ဝင်လာရင်း ကုတင်ထက်အသာလေးလှဲချကာ သားခန္တာကိုယ်လေးကိုလည်း ရင်ဘတ်ပေါ်တွင် မှောက်ယက်လေးထားတင်ကာ သိပ်ရသည်...။

ကျောပြင်လေးကိုပွတ်သပ်ပေးတော့ တအင့်အင့်ရှိုက်သံလေးကထွက်လာသည်...။ သနားလိုက်တာကလေးရယ်...။ သားကိုမွေးပြီးပြီးချင်းမှာပဲ ညီမလေးကဆုံးသွားသည့်အပြင် ကလေးရဲ့အဖေဟာ ဘယ်သူလဲဆိုတာပင်မသိရ...။ အမေရိကန်နိုင်ငံသားတစ်ဦးဖြစ်တာပဲ သိရသည်...။

~~STRING~~ (Completed)Where stories live. Discover now