မေမေက သူဆုံးဖြတ်ပြီးရင် ရအောင်လုပ်တတ်တဲ့အကျင့်ရှိ၏...။ ထောက်ထားငဲ့ကွက်တာမျိုးတွေမရှိပဲ သွေးအေးပြီး ရက်စက်တတ်တဲ့လူစားမျိုးထဲပါသည်...။

"ကလေးတစ်ယောက်အဖေကို ဘယ်မိဘကလက်ခံချင်မှာလဲမေမေ... သူတို့ဘက်က အများကြီးနစ်နာပါတယ်... သားဘက်ကလက်ခံရင်တောင်~~"

"မနက်ကငါဖုန်းဆက်ပြီးပြီ... သူတို့ဘက်က လက်ထပ်ဖို့ကိစ္စကို လက်ခံပါတယ်တဲ့... ငါကလဲလက်ခံတဲ့အကြောင်းပြောပြီးပြီ... အဲ့အတွက်ငြင်းဖို့မစဉ်းစားနဲ့... ပြီးတော့ဒီလက်ထပ်ပွဲမှာ ငါအများကြီးရင်းထားရတာ... မင်းနဲ့လက်ထပ်နိုင်ဖို့အတွက် ရှယ်ယာတစ်ဝက်လောက်ကို သူတို့ဆီမြှုပ်နှံထားရတာ... ဒါ့အပြင် အမြတ်ကိုလဲ ၃၀%ပေးရသေးတယ်"

ဒါ့ကြောင့်တစ်ဖက်က လက်ခံသည်ပေါ့...။ ဒါဆိုထယ်‌ယောင်းက သူတို့လုပ်ချင်တိုင်းလုပ်လို့ရတဲ့ သူတို့လက်ခုပ်ထဲကရေပေါ့လေ...။ လူကို အပေါင်ပစ္စည်းတစ်ခုလိုသဘောထားပြီး သူများလက်ထဲထိုးအပ်လိုက်သည့်သဘော...။

"မင်းအဖေက အသက်ကြီးပြီ... ပြီးတော့ငါတို့ကုမ္ပဏီ ဒီ့ထက်ပိုရပ်တည်နိုင်ဖို့ သူတို့အကူအညီလဲလိုတယ်... မင်းကိုအားကိုးဖို့ကျတော့ မင်းကဘာတတ်လဲ... ကလေးတစ်ယောက်ထိန်းတာနဲ့တင် အချိန်ကုန်နေတာ... ဂျွန်ဂျောင်ကုက မင်းထက်အသက်ငယ်ပေမယ့် စီးပွားရေးလောကမှာ နာမည်ရနေတဲ့သူတစ်ယောက်... သူလိုလူမျိုးက မင်းကိုလက်ခံတာပဲကျေးဇူးတင်"

ဒီနှစ်တွေမှာ ဖေဖေ့ကုမ္ပဏီယိုင်နဲ့လာတာကို ထယ်ယောင်းသတိထားမိပါသည်...။ ဖေ‌ဖေတစ်ယောက်တည်း ဦးဆောင်နေရတော့ ပင်ပန်းနေတာကိုလည်းသိသည်...။ သို့ပေမယ့် ကိုယ့်ဘက်ကကူညီဖို့ဆိုတာက ကိုယ်ကစီးပွားရေးအကြောင်းမှ နားမလည်ပဲ...။ ကိုယ်ပုံဆွဲလို့ရတဲ့ဝင်ငွေကလည်း သားအတွက်သုံးတာနဲ့ပဲ လောက်သည်ဆိုရုံလေး...။ မိဘစကားကိုနားထောင်လိုက်လို့ ဒုက္ခမရောက်လောက်ပါဘူး...။ တစ်ဖက်ကသူတောင် လက်ခံပေးမှတော့ ကိုယ့်ဘက်ကမငြင်းချင်တော့ပါ...။

ပြီးတော့ကိုယ်သာလက်ခံရင် မေမေတို့က သားလေးကိုလည်း အမြင်ကြည်လာနိုင်သည်...။ ဖေဖေ့ကုမ္ပဏီလည်း အထောက်အကူရသည့်အတွက် သူလက်ခံရပါလိမ့်မည်...။ ဒါ့အပြင် ယောကျ်ားချင်းမို့ နစ်နာစရာမရှိ...။ သူ့ဟာသူနေ ကိုယ့်ဟာကိုယ်နေရုံသာ။

~~STRING~~ (Completed)Where stories live. Discover now