လက်မခံပါရစေနဲ့မေမေ...။ ထယ်ယောင်းတစ်မျက်နှာတည်းနဲ့ ရှင်သန်နေရတဲ့ကလေးအတွက် သူ့ဘေးမှာထယ်ယောင်းရှိပေးမှဖြစ်မည်...။
"နင်အဲ့ဒီစောက်ကလေးကြောင့် နင့်ဘဝကို ဒီအတိုင်းပဲနေသွားတော့မှာလား...?? ငါတို့ကို နင်ပြန်မကြည့်တော့ဘူးလား ထယ်ယောင်း"
"သားတောင်းပန်ပါတယ်... လက်ထပ်ဖို့မဖြစ်နိုင်လို့ပါ... ပြီးတော့သားလို ကလေးတစ်ယောက်အဖေကို ဘယ်သူကမှ လက်ခံချင်မှာမဟုတ်တဲ့အတွက်~~"
"ကောင်းပြီလေ... ငါ့စကားကိုနားမထောင်မှတော့ လုပ်သင့်လုပ်ထိုက်တာကို လုပ်ရမှာပေါ့... ဒီနေ့ကစပြီး အဲ့ကလေးနားကပ်ဖို့မစဉ်းစားနဲ့... မနက်ဖြန်ကျရင် သူ့ကိုမိဘမဲ့ဂေဟာပို့ပစ်မယ်... သူ့အမေကလဲသေပြီ... သူ့အဖေကလဲ ဘယ်သူမှန်းမသိဘူး... ပြီးတော့ငါတို့ကလဲ ဒီကလေးကို အမွေစားအမွေခံအဖြစ် မသတ်မှတ်ထားတော့ ဂေဟာပို့တာအကောင်းဆုံးပဲ... တစ်နှစ်ကျော်သည်းခံလာတာ နည်းတာမှတ်လို့... ဒီခေတ်မှာ ကလေးတစ်ယောက်စရိတ်က နည်းမှမနည်းပဲ"
ထယ်ယောင်းဘာလုပ်မိလို့ မေမေကဒီလောက်ထိ ဖြစ်သွားရတာလဲ...?? ဘယ်လောက်ပဲ မတော်ချင်ဘူးပြောပြော သားလေးဟာ မေမေ့ရဲ့မြေးအရင်းပါ...။ ဖေဖေဟာလည်း ကြားဝင်မပြောပေမယ့် မျက်နှာအပျက်အပျက်နှင့်သာ...။
"မေမေ~~သားတောင်းပန်ပါတယ်... အဲ့ဒီလိုမလုပ်ပါနဲ့... ကျွန်တော်သားလေးနဲ့မခွဲနိုင်ဘူး... မေမေ့စကားကို နားထောင်ပါ့မယ်"
ထယ်ယောင်းလည်း မနေသာတော့ဘဲ မေမေ့ရှေ့ဒူးထောက်ကာ ငိုယိုအသနားခံမိသည်...။ သားအတွက်ဆို ဘာပဲလုပ်ရလုပ်ရပါလေ...။ နောက်ခံအသိုင်းဝိုင်းရှိနေလျှက်နဲ့ သားကို မိဘမဲ့ဂေဟာမပို့ရက်ပါဘူး...။ သားကို ထယ်ယောင်းမမွေးထုတ်ခဲ့ရပေမယ့် သားဟာထယ်ယောင်းတို့ရဲ့သွေးသားစစ်စစ်...။
"စကားနားထောင်ရင် ငါပြောသလိုလုပ်လေ... ဂျွန်ဂျောင်ကုနဲ့လက်ထပ်မယ်ဆိုရင် အဲ့ဒီကလေးကို မင်းနာမည်နဲ့စောင့်ရှောက်ခွင့်ပြုမယ်... ဒီလိုမှမဟုတ်ဘူးဆိုရင်တော့ လုပ်စရာရှိတာဆက်လုပ်ရမှာပဲ... မေမေက ပြောရင်ပြောသလိုလုပ်တတ်တာ မင်းသိပါတယ်"
YOU ARE READING
~~STRING~~ (Completed)
Romanceအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
Part - 2
Start from the beginning
