"မေမေ့~~သားကိုဘာလို့"
ဆယ်ဟွန်းတောင်မှ မထိရက်မကိုင်ရက်ကလေးကို မေမေက အတင်းလုသွားတာကြောင့် သားမှာလန့်ကာအာခေါင်ခြစ်ပြီး ငိုတော့လေသည်...။
"ဘာလုပ်နေတာလဲ... ခေါ်သွား... ပြီးရင်စတိုခန်းထဲ သော့ခတ်ပြီးထည့်ထားလိုက်... ငါ့စကားနားမထောင်ရင် ညည်းကိုအလုပ်ဖြုတ်ပစ်မယ်မှတ်"
ကောင်မလေးမှာသားကိုချီကာ အပေါ်ထပ်ကိုတက်သွားတာကြောင့် ထယ်ယောင်းလည်း အနောက်ကနေ ချက်ချင်းလိုက်ဖို့ပြင်လိုက်ပေမယ့်....
"ခုချက်ချင်းပြန်ထိုင်လိုက်စမ်း... ငါစကားကို နှစ်ခါမပြောဘူးနော် ဂင်မ်ထယ်ယောင်း... ငါ့စကားနားမထောင်ရင် ဒီ့ထက်ပိုဆိုးသွားမယ်မှတ်"
"မေမေ!!! သားကနေမကောင်းဘူး... အခန်းပိတ်မထားပါနဲ့... ကလေးလန့်ပြီး သတိလစ်သွားပါ့မယ်... သားတောင်းပန်ပါတယ်"
ထယ်ယောင်းဟာ ငယ်စဉ်ကတည်းက မေမေ့ကိုကြောက်ရသည်...။ ညီမလေးထယ်ယွန်းက သတ္တိရှိသလောက် အကြောက်လွန်တတ်တာက ထယ်ယောင်းပင်...။ မေမေရိုက်တိုင်း ပေတေကာ တစ်ချက်မငိုတတ်တဲ့ထယ်ယွန်းဟာ မေမေ့ကိုပြန်ခံပတ်တတ်သလောက် ထယ်ယောင်းမှာတော့ သူနဲ့ဆန့်ကျင်ဘက် နုံသည် ထုံသည်.. ။
"ဆက်မပြောနဲ့ဂင်မ်ထယ်ယောင်း... အဲ့ဒီကလေးက နင့်ကလေးလဲမဟုတ်ဘူး... ဝမ်းမနာသားလဲမဟုတ် ဒူးမနာသားလဲမဟုတ်တာကို နင်ကဘာကိုနာပြနေတာလဲ...?? ဒီမယ်~~ငါပြောမယ် သေချာနားထောင်... နင့်ကို Jeon group ကသားနဲ့ အိမ်ထောင်ချပေးမလို့... အစတုန်းကတော့ နင့်ညီမနဲ့သဘောတူထားတာပဲ... ခွေးဇာတ်ခင်းပြီး မိဘမျက်နှာအိုးမဲသုတ်သွားတဲ့မိန်းမကြောင့် ငါတို့မျက်နှာပျက်ခဲ့ရပြီးပြီ... နင်ကပါ ဒီအချိုးထပ်ချိုးရင် နင့်ကိုသားအဖြစ်က စွန့်လွှတ်ဖို့ဝန်မလေးဘူးနော်"
မေမေရက်စက်လိုက်တာ~~
ညီမလေးနဲ့တင်အားမရလို့ ထယ်ယောင်းကိုပါ ထပ်ပြီးနှိပ်စက်ချင်ရော့သလား...။
"သားလက်မခံနိုင်ဘူးမေမေ... သားလေးကို စောင့်ရှောက်ရမှာမို့ သားအိမ်ထောင်ပြုဖို့ စဉ်းစားမှာမဟုတ်ဘူး"
YOU ARE READING
~~STRING~~ (Completed)
Romanceအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
Part - 2
Start from the beginning
