"တော်ပါတော့မေမေရယ်... သားတောင်းပန်ပါတယ်... သားလေးဟာ ညီမလေးကိုယ်တိုင်မွေးထုတ်ထားတဲ့ ကျွန်တော်တို့သွေးသားအရင်းပါမေမေ... လူကြီးတွေဖြစ်ကြတဲ့ပြဿနာမှာ အပြစ်မဲ့တဲ့ကလေးကို ဓားစာခံလုပ်ပြီးမမဲပါနဲ့လား... သားတောင်းဆိုနေတာပါ"

"ဘာသွေးအရင်းလဲ...?? မျိုးမစစ်ကောင်နဲ့ရပြီး အဖေမပေါ်ပဲမွေးခဲ့တဲ့ကလေးက ဘာကိုသွေးအရင်းပါဆိုပြီး ခေါင်းစဉ်တပ်ချင်နေတာလဲ...?? မိဘကိုအရှက်ခွဲတဲ့မိန်းမအကြောင်း ငါ့အရှေ့စကားလာမဟနဲ့"

"မေမေ့အတ္တတွေကို တစ်ထစ်လျော့လို့မရဘူးလား...?? ညီမလေးလည်း အဲ့ဒီ့စိတ်ကြောင့် သူ့ကိုယ်သူ တစ်သက်လုံးအပြစ်တင်ပြီး သေခဲ့ရပြီးပြီပဲ... မေမေကျေနပ်ပါတော့"

"ဘာ~!!! ဂင်မ်ထယ်ယောင်း...!!! နင်ကငါ့ကိုအပြစ်တင်နေတယ်ပေါ့လေ... သူသေတာ ငါ့ကြောင့်ဆိုပြီးနင်က...."

လက်ညှိုးငေါက်ငေါက်ထိုးပြီး အော်ပြောနေတဲ့မေမေကြောင့် အိပ်ပျော်လုစ သားဟာ လန့်ပြီးအော်ငိုပြန်တော့ ထယ်ယောင်းမှာ ခြေမကိုင်မိလက်မကိုင်မိ...။

"အဟင့်~~အဟင့်~~အင့်"

"ဖေဖေရှိတယ်~~ဖေဖေရှိတယ်တိတ်တိတ်"

"နားညီးလိုက်တာ... ကောင်မလေးတွေဘာလုပ်နေလဲ... ဒီမျိုးမစစ်လေးကို လာဆွဲခေါ်ကြစမ်း... ကျက်သရေယုတ်လိုက်တာ"

"မေမေ့ !!"

"ဟဲ့ ဘာရပ်လုပ်နေတာလဲ... ဆွဲခေါ်သွားလေ "

ဘေးနားမှာကုပ်ကုပ်ကလေးရပ်နေသည့် ကလေးမလေးကို အော်ထည့်လိုက်တာကြောင့် သားကလန့်ပြီး ထပ်ငိုပြန်တော့သည်...။

"သားကိုမထိကြနဲ့ !!"

အိမ်အကူကောင်မလေးခမျာမှာလည်း ထယ်ယောင်းတို့သားအမိကြား ဗျာများနေရသည်...။

"မိန်းမ~~မင်း !"

"ရှင့်ကိုဝင်မပါနဲ့လို့ ပြောနေတယ်မလား... သတင်းစာပဲဖတ်နေစမ်းပါ... ပေးစမ်းဒီကလေး...!!!"

ဖေဖေက ဝင်တားဖို့လုပ်ပေမယ့် ဖေဖေ့စကားဟာ လေပေါ်မှာတင် ပျောက်ဆုံးသွားရသည်...။ ထို့အတူ ထယ်ယောင်းလက်ထဲက သားလေးကို မေမေကဆွဲထုတ်ကာ အိမ်ကကောင်မလေးထံ ထိုးပေးလိုက်တာကြောင့် ထယ်ယောင်းခမျာ အလန့်တကြားထအော်ရပြန်တယ်...။

~~STRING~~ (Completed)Donde viven las historias. Descúbrelo ahora