"ဟို~~ဟို~~အကိုလေးကို
အန်တီက ခေါ်ခိုင်းလိုက်လို့ပါ"

"ခဏနေရင်အစ်ကိုလာခဲ့မယ်လို့ ပြောပေးနော်ညီမလေး... သားက နေမကောင်းတော့ လက်ထဲကချရခက်လို့ပါ"

"ဟုတ်~~ဟုတ်ကဲ့အကိုလေး"

ကောင်မလေးက ခေါင်းလေးညိမ့်ကာ အရိုသေပြုလျှက် ပြန်ထွက်သွားတာကြောင့် ထယ်ယောင်းလည်း တံခါးပြန်ပိတ်ကာ သားအားချီလျက် ချော့သိပ်ရလေသည်...။

အသက်ရှူသံသေးသေးလေး ထွက်လာတာကြောင့် ကုတင်ထက်အသာချကာ သိပ်ဖို့ပြင်လိုက်ပေမယ့် အသံထွက်ကာ အော်ငိုပြန်တဲ့သားငယ်ကြောင့် ကြည့်ရင်း ကိုယ်ပါငိုချင်လာသည်...။ နေမကောင်းတဲ့အချိန်တိုင်း ထယ်ယောင်းအနားပဲကပ်ကာ အီတတ်တာက သားရဲ့မူပိုင်အကျင့်...။

သားအိပ်ပျော်သွားမှ မေမေ့ဆီသွားဖို့ ဆုံးဖြတ်ထားပေမယ့်လည်း လက်ထဲကအချမခံတဲ့သားကြောင့် အောက်ထပ်ကိုပဲ ကိုယ်နဲ့အတူချီချလာရသည်...။

"ခေါ်ထားတာဖြင့်ကြာလှပြီ... သတိရသေးတာပဲ ကျေးဇူးတင်ရမလို"

လေသံမာနေတဲ့မေမေဟာ ထယ်ယောင်းကို စိတ်တိုနေသည့်ဟန်ပါ...။ သားရောက်လာပြီးနောက်ပိုင်း မေမေဟာ ထယ်ယောင်းကိုအမြင်မကြည်တော့...။

"သားက နေမကောင်းတော့အီနေလို့ပါမေမေ"

ဖေဖေနဲ့မေမေ့ရှေ့က ဆိုဖာထက်တွင်ဝင်ထိုင်ကာ သားအားကျောပုတ်ကာ သိပ်ပေးနေတာမြင်တော့ မေမေက မျက်စောင်းထိုးကာ တစ်ဖက်ကိုလှည့်သွားလေသည်။

"အဲ့‌ စောက်ကလေး... တစ်စက်မှကိုကောင်းကျိုးမပေးဘူး... အကုသိုလ်ဂြိုလ်ဆိုးလေး"

"အပြစ်မရှိတဲ့ကလေးကို ဘာကြောင့်မုန်းနေရတာလဲမိန်းမရယ်... ပြီးခဲ့တာတွေလဲပြီးခဲ့ပြီပဲ~~"

ဖေဖေက သူ့မြေးကိုထွေးပွေ့ယုယတာမျိုး မေမေ့ရှေ့လုပ်လေ့မရှိပေမယ့် ကွယ်ရာမှာတော့ သားကို ထယ်ယောင်းနီးပါး ချစ်ပေး ဂရုစိုက်ပေးပါသည်...။

"အို~~ရှင်တိတ်တိတ်နေ... နေရာတကာဝင်မပါနဲ့"

မိမိရှေ့တွင်ရန်ဖြစ်လုဆဲဆဲဖြစ်နေတဲ့ မေမေနဲ့ဖေဖေကြား ကိုယ်ဝင်ပါမှဖြစ်တော့မည်...။ မကြားဝံ့မနာသာစကားတွေနဲ့ ထိုးနှက်တတ်တဲ့ မေမေ့အကြောင်းကို ထယ်ယောင်းအသိဆုံးပင်...။

~~STRING~~ (Completed)Where stories live. Discover now