ဂင်မ်မိသားစုရဲ့ တစ်ဦးတည်းသောသားဆိုသည့် အချက်အလက်အပြင် ဘာဆိုဘာမှမသိရ...။ ဘာ့ကြောင့် အဲ့သလောက်ထိဖုံးဖိထားရသလဲ နားကိုမလည်တော့...။ အနည်းဆုံးတော့ ကလေးအမေရဲ့နာမည်ကို သိသင့်သည်မဟုတ်လား...။

မပတ်သတ်ရသေးခင် ဂျောင်ကုမှာ ပဟေဠိပုစ္ဆာတွေကို အဖြေညှိနေရသည်...။ ပြီးတော့ကိုယ့်လိုလူမျိုးကိုမှ သမက်ရွေးတော်ချင်သတဲ့...။ အေးလေ... ကိုယ်ကလည်း စီးပွားရေးလောကမှာ နာမည်ကြီးသည့်အပြင် သမီးရှင်တွေကြားမှာပါ သတင်းမွှေးလွန်းတော့ သမက်ဖမ်းချင်ကြတာမဆန်းပါဘူး...။

ဘေးတွင်ချထားသောဓာတ်ပုံလေးအား
မြှောက်ကိုင်ကာတည့်တည့်စိုက်ကြည့်ရင်း

"ခင်ဗျားဘက်က လက်မခံဖို့မျှော်လင့်တယ် ဂင်မ်ထယ်ယောင်းရှီ... မငြင်းသာလို့ လက်ထပ်ဖြစ်ခဲ့ရင်တောင် ကျုပ်ဘက်က လုပ်သင့်လုပ်ထိုက်တာကိုတော့ လုပ်ရမှာပဲ"

ခေါင်းထဲတွင်ပေါ်လာသည့်အကြံအစည်ကြောင့် ဟက်ကနဲ တစ်ချက်ရယ်လိုက်မိသည်...။ တစ်ဖက်လူအတွက် စိတ်မကောင်းပေမယ့် အချစ်မပါသည့်အပြင်တာဝန်ယူမှုကြီးတဲ့ ဒီအိမ်ထောင်ရေးကြီးကို သေတဲ့အထိတော့ သူမထမ်းဆောင်ချင်ဘူးလေ...။

..................................To Be Continued



   
(Zawgyi)

"ဗျာ...လက်ထပ်ရမယ် ဟုတ်လားမေမေ!!"

အံ့သြရသလိုမယုံကြည်နိုင်သေးတာမို့ နှုတ်ကနေ သံယောင်လိုက်ကာရေရွတ်မိသွား၏...။

"ဟုတ်တယ်သား... စီးပွားရေးဆန်တဲ့လက်ထပ်ပွဲဆိုပေမယ့် မေမေတို့က မင်းကောင်းစားဖို့အတွက် စီစဉ်ပေးတာကို လက်ခံမယ်လို့မျှော်လင့်တယ်"

အရေးတကြီးကိစ္စရှိလို့ စောစောပြန်ခဲ့ပါလို့မှာတာ ဒီစကားပြောဖို့အတွက်လား...။ ကြားကြားချင်းကိုယ့်နားကိုယ်ပင်မယုံ...။ သူ့အသက်အရွယ်ဟာအခုမှ အညွန့်တလူလူနဲ့တက်ကာစ အပင်ပေါက်လေးပါ...။ ဒါကိုဘာဖြစ်လို့များ ဒီအရေးမပါတဲ့ အိမ်ထောင်ဆိုတဲ့ထောင်ကြီးထဲကို လှောင်ပိတ်ထားချင်ရပါသလဲ...??

"သားကလက်မခံဘူးဆိုရင်ရော...??"

"ဂျွန်ဂျောင်ကု!!! မိဘက လက်နဲ့ရေးတာကို ခြေနဲ့မဖျက်ချင်စမ်းနဲ့...!!!

~~STRING~~ (Completed)Where stories live. Discover now