"စိတ်မကောင်းမဖြစ်ပါနဲ့မိန်းမရယ်... သူတို့ဘက်ကသဘောကို မသိရသေးဘူးလေ... တကယ်လို့ ထယ်ယောင်းဘက်ကသာလက်မခံရင် ပွဲကပြီးနေပြီပဲဟာ... အခြေအနေကိုစောင့်ကြည့်ကြတာပေါ့"

"လက်ခံလိမ့်မယ်လို့ ကျွန်မတော့ထင်တာပဲ...
ကံကိုပဲမျှော်ကိုးရမှာပေါ့ဖေကြီးရယ်"

"ဒါဆိုဒီဘက်က သဘောတူတဲ့အကြောင်း
သတင်းပို့လိုက်ရတော့မလားမိန်းမ...??"

"အို~~သူတို့ဘက်ကအရင်ကမ်းလှမ်းတာပဲ...
သူတို့ဘက်ကဆက်သွယ်မှ ပြန်ဆက်သွယ်မယ်
သူတို့သားရဲ့သဘောထားကို မမေးရသေးဘူးမလား"

"ဟုတ်ပါပြီ...ကိုယ်လောသွားလို့ပါကွာ"

ထိုသို့ပြောတော့ မျက်စောင်းလှမ်းထိုးတာခံရသေးသည်...။ မိန်းမတွေများအခုတစ်မျိုးတော်ကြာတစ်မျိုး တတ်လဲတတ်နိုင်ပါသည်...။

~•~•~•~•~•~•~•~•~•~•~•~•~•~

လက်ထဲတွင်ကိုင်ထားသောဓာတ်ပုံအား ကုတင်ထက်တွင်ပစ်ချကာ သဘက်တစ်ထည်ယူလျှက် ရေချိုးခန်းထဲသို့ဝင်သွားလိုက်သည်...။

ရေပန်းအောက်တွင်ရပ်နေသော်ငြား ရင်ထဲက အပူမီးကငြိမ်းမသွား...။ ရေချိုးနေတာလည်း အတော်ကြာပြီမို့ ရေပန်းအားပိတ်ကာ တဘတ်ကိုခါးမှာသိုင်းလျှက် စိတ်ညစ်ညူးစွာဖြင့် အခန်းထဲပြန်ဝင်လာခဲ့လိုက်သည်...။

ဘီရိုတံခါးအားဆွဲဖွင့်ကာ တီရှပ်တစ်ထည်နဲ့ဘောင်းဘီတစ်ထည်ကို ကောက်စွပ်ပြီး ကုတင်ထက်ဖင်ထိုင်ချမိခိုက် အောက်တွင်ခံနေတဲ့အရာကြောင့် ဆွဲထုတ်ကြည့်မိတော့ ဂင်မ်ထယ်ယောင်းဆိုသူရဲ့ဓာတ်ပုံ။

ဓာတ်ပုံကိုကိုင်ကာ အလုပ်စားပွဲဆီသို့သွားရင်း ထိုလူရဲ့ကိုယ်ရေးရာဇဝင်တွေကို သိချင်စိတ်ဖြင့် တစ်ခုမကျန်လှန်လှောရှာကြည့်မိသည်...။

ညဆယ်နာရီသာလွန်လာသည် ထိုကလေးအဖေနဲ့ပတ်သတ်သည့် အစအနတစ်ခုလေးပင်မတွေ့...။ ယုတ်စွအဆုံး ထိုမိသားစုရဲ့အိမ်ထောင်စုစာရင်းတွင် ထိုကလေးရဲ့နာမည်ပင်မတွေ့...။

နာမည်~ဂင်မ်ထယ်ယောင်း
အသက်~~၃၀
ပညာအရည်အချင်း~အင်ဂျင်နီယာကျောင်းဆင်း

~~STRING~~ (Completed)Tempat cerita menjadi hidup. Temukan sekarang