"မဆိုးပါဘူး"
"သားဘက်က လက်မခံနိုင်သေးဘူးဆိုတာသိပေမယ့် မေမေ့စကားကိုနားထောင်ပါသားရယ်... ဒါကိုလက်ခံလိုက်လို့ သားနောင်တမရစေရပါဘူး... ပြီးတော့ ထယ်ယောင်းက ရည်ရည်မွန်မွန်လေးပါ... မိန်းမလည်တွေထက်စာရင် ငါ့သားကို သူလေးနဲ့ပဲသဘောတူတယ်"
"သားလက်ခံနိုင်ဖို့ကြိုးစားပါ့မယ်... ဒါပေမယ့်မေမေ... ကလေးအဖေဆိုတော့ သူနဲ့ပတ်သတ်ဖူးတဲ့ သက်ဆိုင်သူက ကျွန်တော့်ကိုအနှောင့်အယှက်ပေးလာခဲ့ရင် ဘယ်လိုဖြေရှင်းပေးမှာလဲ...??"
"ဒါတော့မပူနဲ့သား... ဒါတွေကိုကြိုသိလို့ သူတို့ဘက်က တစ်ခါတည်းဖြေရှင်းချက်ပေးပြီးသားပါ... အဲ့ဒီလိုမျိုးတွေ လုံးဝမရှိပါဘူးတဲ့"
"သူတို့ပြောသလိုဖြစ်ဖို့မျှော်လင့်ပါတယ်... မေမေလဲသက်သာနေပြီမလား... ဒါဆိုသားအပေါ်တက်တော့မယ်"
မေမေ့အခန်းထဲကနေ ပြန်ထွက်လာတော့ အပေါက်ဝတွင်ရပ်နေတဲ့ဖေဖေနဲ့ ထိပ်တိုက်တိုးသည်...။ ဖေဖေကတော့ ဂျောင်ကုကိုတစ်ချက်စိုက်ကြည့်ကာ မေမေ့အခန်းထဲသို့ဝင်သွားချေပြီ...။
ကုမ္ပဏီမှာတစ်နေ့လုံး ပင်ပန်းလာသမျှအမောမပြေ...။ လက်ထဲတွင် ထိုဂင်မ်ထယ်ယောင်းဆိုသူရဲ့ဓာတ်ပုံကိုကိုင်ကာ လေးပင်တဲ့ခြေလှမ်းတွေနဲ့ အပေါ်သို့တက်လာခဲ့လိုက်သည်...။
အခန်းထဲဝင်လာတဲ့ ဖေကြီးက လက်ညှိုးနဲ့လက်မကိုကွေးကာ အဆင်ပြေသလားဆိုတဲ့ပုံစံလုပ်ပြလာတာကြောင့် လက်မလေးကိုထောင်ပြလိုက်တော့ အကျေနပ်ကြီးကျေနပ်သွားသည့်ဟန်ဖြင့်...။
"ဖေကြီးရယ်... ဒီအပ်တွေဖြုတ်ပေးစမ်းပါ... ခဏလေးဟန်ဆောင်ခိုင်းတာကို ဒီလောက်ထိလုပ်စရာလိုသလား...??"
မျက်နှာကြီးကိုရှုံ့တွပြနေသည့် ချစ်ဇနီးကြောင့် အနားသွားကာ ဆေးပိုက်ကိုအသာဖြုတ်ပေးရင်း
"မိန်းမရယ် ဒီလောက်ထိလုပ်ပြမှ သားကယုံမှာပေါ့... ဒေါက်တာ့ကိုလဲမနည်းညှိထားရတာ... ကိုယ့်ဘက်ကတော့ အိုကေသွားပြီ... သူတို့ဘက်က အိုကေဖို့ပဲကျန်တော့တယ်"
"သားကို ကလေးတစ်ယောက်အဖေလက်ထဲ အပ်ရမှာစိတ်မကောင်းပေမယ့် တစ်ဖက်လူကလဲ ကိုယ့်သူငယ်ချင်းရဲ့သား ဖြစ်နေတော့ခက်တယ်... မိဘချင်းကတိထားခဲ့ကြတော့ ဘယ်တတ်နိုင်မလဲလေ"
YOU ARE READING
~~STRING~~ (Completed)
Romanceအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
Part - 1
Start from the beginning
