ကုမ္ပဏီထဲရှယ်ယာတွေထည့်ပြီး အမြတ်ငွေပါ ထပ်ထည့်နေတာ ဒါကြောင့်ကိုး...။ မေမေတို့ကိုလည်း အံ့သြမိသည်...။ တစ်ဦးတည်းသောသားကိုမှ ကလေးတစ်ယောက်အဖေနဲ့ သဘောတူရတယ်လို့လေ...။ အခုချိန် သူ့ဘက်ကငြင်းရင်လည်း ယောကျ်ားကတိ မတည်ဘူးဆိုပြီး မေမေရောဂါထပ်တိုးရင် သူပဲစိတ်ညစ်ရဦးမည်...။ ဘယ်လိုဝဋ်ကြွေးတွေကြောင့် ဂျောင်ကုကိုမှ ဒီကိစ္စတွေလာဖြစ်ရတာလဲ...??

"မေမေစီစဉ်တာပဲဟာ... သား~~သားက ငြင်းစရာလား... သားကတိတည်ပါတယ်မေမေ... သူ့ကိုလက်ထပ်ပါ့မယ်"

ကလေးတစ်ယောက်အဖေဟာ ဘယ်လိုလုပ်ပြီး လူပျိုနုနုထွတ်ထွတ်ကလေး ဖြစ်နိုင်ပါ့မလဲမေမေရယ်...။ အိမ်ထောင်သည်ဘဝတွင် ရပ်မည်ထင်ခဲ့သော်လည်း မိမိအတွေးနှင့်တက်တက်စင်အောင်လွဲကာ ထပ်ပြီးကလေးအဖေဘွဲ့ပါ အစစ်ခံယူရပေဦးမည်...။

"မေမေဝမ်းသာလိုက်တာသားရယ်... ဟိုဘက်ကမိဘတွေသာသိရင် ပိုဝမ်းသာကြမှာ... ထယ်ယောင်းလေးသာ သဘောတူလို့ကတော့ အိုကေပဲ... မနက်ဖြန်သဘက်ခါဆို မင်္ဂလာပွဲတောင်စီစဉ်လို့ရပြီ"

"ဒါဆိုတစ်ဖက်ကသူက ဒီကိစ္စကိုမသိသေးဘူးပေါ့..??"

"ဟုတ်တယ်သားလေး... မပြောရသေးတာပါ... ဒီနေ့ပြောမယ်တဲ့... မနက်ဖြန်အဖြေသိရမှာပေါ့"

တစ်ဖက်လူဘက်က သဘောမတူဖို့သာ ဂျောင်ကုစိတ်ထဲ အကြိမ်ကြိမ်ဆုတောင်းနေမိသည်...။ သူ့ဘက်က လက်မခံရင် အိုကေပြီပေါ့...။

"ဒါက သူ့ဓာတ်ပုံလေး"

အံဆွဲထဲကနေထုတ်ပြီး ဂျောင်ကုလက်ထဲ ထိုးထည့်ပေးလာတဲ့ဓာတ်ပုံကို တစ်ချက်ကြည့်ပြီး မျက်မှောင်ကိုကျုံ့လိုက်သည်...။

"နာမည်အပြည့်အစုံကတော့ ဂင်မ်ထယ်ယောင်းတဲ့... အင်ဂျင်နီယာနဲ့ကျောင်းပြီးထားတာ... အသက်က ၃၀ဆိုပေမယ့် တအားနုတယ်နော်သားလေး... ကြည့်ပါဦး ချစ်ဖို့မကောင်းဘူးလား...??"

ကိုယ့်ထက်အသက်၄နှစ်ကြီးတဲ့သူဟာ ဓာတ်ပုံထဲမှာတော့ ရင့်ကျက်မှုအပြည့်ဖြင့်သာ...။ ကိုယ့်ထက်အသက်ကြီးတော့ ဦးဆောင်ဦးရွက်ပြုနိုင်တာပေါ့လို့ မေမေပြောပေမယ့် ဒီလိုနုနုဖတ်ဖတ်ပုံစံကို ဘယ်နေရာမှာ သွားအားကိုးရမလဲ...??

~~STRING~~ (Completed)Where stories live. Discover now