"ကတိဆိုတာ ပေးပြီးရင်ပြန်မဖျက်ရဘူး...
ယောကျ်ားကတိနော်သား"

မေမေ့မျက်နှာလေးလန်းလာမှ ဂျောင်ကုစိတ်ပူမှုတွေ တစ်ဝက်လျော့ရသည်...။ ကိုယ့်မိဘအထိပါ လွှမ်းမိုးချင်နေတဲ့ အဲ့ဒီတစ်ယောက်သောသူကို အမြင်တော့ကတ်မိသား...။

"ကတိ~~ကတိ
ဒါနဲ့သူမနာမည်ကဘယ်သူတဲ့လဲ...??
လှကောလှရဲ့လားမေမေ...??"

"လှလဲလှသလိုချစ်ဖို့လဲကောင်းပါတယ်
ဟို~~ဟို~~ဒါပေမယ့်"

"ဘာဖြစ်လို့လဲမေမေ...??"

မေမေက‌ ဂျောင်ကုမျက်နှာကိုငေးကြည့်ရင်း ပြောလက်စ စကားကိုရပ်ကာ ခေတ္တအကဲခတ်နေပြန်သည်...။

"သားထင်ထားသလို မိန်းကလေးတော့မဟုတ်ဘူး... ယောကျ်ားလေးပါ... ဒီ့ထက်ပိုပြောရရင် ကလေးတစ်ယောက်အဖေပါ"

မေမေ့အသံဟာ တဖြည်းဖြည်းတိမ်ဝင်သွားပြီး ဂျောင်ကုကိုလည်း အားနာတဲ့အကြည့်တွေနဲ့ကြည့်နေသည်...။

"မေမေ~~!"

နှုတ်မှနေ၍မေမေလို့သာ ထုတ်ပြောနိုင်တော့သည်...။ စိတ်ထဲမှာတော့ ကလေးတစ်ယောက်အဖေ ယောကျ်ားလေး ဆိုတဲ့စကားသံဟာ နားစည်ထဲ ဝင်ချည်ထွက်ချည်ရိုက်ခတ်လို့နေသည်။

ချည်ပြီးတုတ်ပြီးမှ အားနဲ့ရိုက်ထည့်လိုက်သလိုပဲ...။ ကိုယ့်ကိုယ်ကိုသာ အပြစ်တင်ချင်တော့တယ်။ ကတိမပေးခင်ထဲက အထီးလားအမလား မေးလိုက်ရမှာ...။ ကိုယ်နဲ့လက်ထပ်မယ့်သူဟာ မိန်းကလေးတစ်ယောက်သာ ဖြစ်သင့်တာမလား...။ အချိန်မတန်သေးလို့အိမ်ထောင်ပြုဖို့မစဉ်းစားသေးတာလေ...။ သို့ပေမယ့်~ သူ့ဘဝရဲ့တစ်သက်တာ အိမ်ထောင်ဖက်ကိုတော့ သူ့မျိုးဆက်လေးတွေကို မွေးပေးနိုင်တဲ့မိန်းမတစ်ယောက်သာ ဖြစ်ချင်ပါသည်...။

"ကလေးတစ်ယောက်အဖေဆိုပေမယ့် လူပျိုနုနုထွတ်ထွတ်လေးပါသားရယ်... သားထက်အသက်ကြီးတော့ အိမ်ထောင်ရေးမှာ ဦးဆောင်ဦးရွက်ပြုနိုင်တာပေါ့... သူ့နောက်ကြောင်းတွေ အကုန်စုံစမ်းပြီးသားမို့ သားစိတ်ပူစရာမလိုဘူးနော်... လက်ခံတယ်မလားဟင်...??"

မေမေဟာ ဂျောင်ကုလက်တွေကိုဆုပ်ကိုင်ပြီး ဂျောင်ကုရဲ့အဖြေကို မျှော်လင့်တကြီးစောင့်စားနေရှာသည်...။

~~STRING~~ (Completed)Donde viven las historias. Descúbrelo ahora