"ဟုတ်ကဲ့ဒေါက်တာ"

"ဒါဆိုကျွန်တော့်ကိုခွင့်ပြုပါဦး"

"ဘာလုပ်နေတာလဲဂျွန်ဂျောင်ကု
ဒေါက်တာ့ကိုလိုက်ပို့ပေးလိုက်လေ"

"နေပါစေ~ကျွန်တော့်မှာ ကားပါပါတယ်"

"အဲ့ဒါဆိုလဲခြံရှေ့ထိလိုက်ပို့ခွင့်ပြုပါ"

ဂျောင်ကုလည်း ဒေါက်တာ့ဆေးအိတ်အားဆွဲကာ အခန်းပြင်သို့ထွက်လာခဲ့လိုက်သည်...။ ဒေါက်တာ့အား ကားအနားထိလိုက်ပို့ပေးပြီး မေမေ့အခန်းထဲပြန်ဝင်လာတော့ မေမေဟာ သတိပြန်လည်လာချေပြီ...။

မေမေ့အနားပြေးထိုင်ကာ စကားပြောဖို့ကြံရွယ်လိုက်ပေမယ့် တစ်ဖက်သို့ကျောခိုင်းသွားတဲ့မေမေကြောင့်‌ ဂျောင်ကုစိတ်ထဲမကောင်း~~။

"မေမေ !"

ပခုံးလေးကိုဆုပ်ကိုင်လိုက်တော့
ဂျောင်ကုရဲ့လက်ကိုတွန်းထုတ်ကာ

"မိဘစကားကိုနားမထောင်တဲ့သားမိုက်!!!
ငါ့ကိုအမေလို့လဲလာမခေါ်နဲ့... ထွက်သွားကြ !!
တစ်ယောက်မှ မျက်နှာမမြင်ချင်ဘူး"

ဖေဖေကတော့ ဂျောင်ကုကိုစိုက်ကြည့်ကာ အခန်းပြင်ဘက်ထွက်သွားလေပြီ...။ တစ်ခါလေးစကားနားမထောင်မိတာကို သားဆိုးသားမိုက်ဖြစ်သွားရသတဲ့လား...?? မေမေတို့ အဲ့သလောက်ထိအဖြစ်သည်းနေတဲ့ တစ်ဖက်ကလူဟာ ဘယ်လောက်ထိ မေမေတို့ကိုစည်းရုံးသိမ်းသွင်းထားလို့ အဲ့သလောက်တောင်ဖြစ်ပျက်နေရပါသလဲ...။ တစ်ခါမျှမမြင်ဖူးသည့်အပြင်နာမည်ပါမသိရသေးတဲ့ တစ်ယောက်သောသူကိုအတော်လေးမုန်းမိသည်...။

"သား~~သားကလက်ခံတယ်ဆိုရင်
မေမေစိတ်ဆိုးပြေမှာလား...??"

ဂျောင်ကုမျက်လုံးကိုစုံမှိတ်ကာ စိတ်ကို အတတ်နိုင်ဆုံးလျော့ချလိုက်တော့သည်...။ ဒီအချိန်မှာ မေမေ့ကျန်းမာရေးလောက် ဘယ်ဟာက အရေးကြီးဦးမှာလဲ...။ နောက်ပြဿနာနောက်မှရှင်းမည်...။ ဂျောင်ကုရဲ့စကားကိုကြားတော့ မေမေဟာ ဂျောင်ကုဘက်ချက်ချင်းလှည့်လာကာ....

"တ~~တကယ်လား...??
သားတကယ်ပြောနေတာလားဟင်...??"

"တကယ်ပါ~~သားကလိမ်စရာလား...
မေမေစိတ်ချမ်းသာဖို့ကအဓိကပါ"

~~STRING~~ (Completed)Where stories live. Discover now