"ရော့~~အင့်ဆိုပြီး ထိုးရောင်းရအောင် သားကကုန်ပစ္စည်းမဟုတ်ဘူးဖေဖေ... ဝင်ပြီးရင် ပြန်ထွက်လို့မကောင်းတဲ့နေရာတွေထဲ ထောင်ဆိုတဲ့ အိမ်ထောင်ကြီးကအဆိုးဆုံးပဲ... ဒါ့ကြောင့် ဒီကမ်းလှမ်းချက်ကို သားဘက်က အပြတ်အသတ်ငြင်းပါတယ်"

မိဘစကားကို မြေဝယ်မကျနားထောင်ခဲ့ပေမယ့် ဒီတစ်ခါတော့ လူမိုက်လေးလုပ်ပါရစေ...။ အချစ်မပါတဲ့အိမ်ထောင်ရေးတစ်ခု... ပြီးတော့~စိတ်မပါတဲ့အိမ်ထောင်ရေးတစ်ခုကို ဘယ်လိုမှလက်ခံပေးလို့မရလို့ပါ...။

ပြောပြီးတာနဲ့ ချာကနဲလှည့်ထွက်ဖို့ပြင်လိုက်ပေမယ့် နောက်ကနေမေမေ့ရဲ့အော်သံကြောင့် ချက်ချင်းပြန်လှည့်ကြည့်လိုက်တော့ ဆိုဖာထက်မူးလဲနေသည့်မေမေ့ကို ဖေဖေက အသာထိန်းကာထွေးပွေ့လို့ထား၏...။

"မိန်းမ~~သတိထားလေကွာ...!!! ကောင်မလေးတွေ ! ခုချက်ချင်း family doctor ကိုဖုန်းဆက်စမ်း...!!!"

ဂျောင်ကုလည်း မေမေ့ဘေးနားပြေးသွားကာ ဖေဖေ့လက်ထဲကနေဆွဲပွေ့ချီရင်း အိပ်ခန်းဆောင်ထဲသို့ ခေါ်လာလိုက်သည်...။

"မေမေ~~မေမေ သတိထားပါဦး...!!!"

မေမေ့မှာ နှလုံးရောဂါအခံရှိတာကြောင့် ရုတ်တရက် shock ရပြီးသတိလစ်သွားပုံပင်...။ လက်ကလေးကိုကိုင်ကာ လှုပ်နှိုးပေမယ့်သတိမလည်လာ...။

"မိဘကို စိတ်ဆင်းရဲအောင်လုပ်တဲ့သား"

ဖေဖေဟာ ထိုသို့ပြောပြီး တစ်ဖက်ကိုလှည့်သွား၏...။  မျက်နှာတောင် မကြည့်ချင်တော့ဘူးတဲ့လား...?? တစ်ခါလေး စကားနားမထောင်မိတာ ဒီလောက်တောင်ဖြစ်သွားရအောင် အဲ့ဒီလက်ထပ်ရမယ့်သူကဘယ်လောက်တောင် တော်ဝင်ပြီးကြီးကျယ်မြင့်မြတ်နေလို့ပါလဲ...??

"ဒေါက်တာကြွပါခင်ဗျ"

ဒေါက်တာရောက်လာတာကြောင့် ကုတင်ပေါ်ကဆင်းကာ ဘေးတွင်ရပ်နေရင်း မေမေ့အခြေအနေကို အကဲခတ်နေလိုက်သည်...။ ခဏအကြာစမ်းသပ်မှုအပြီးမှာ...

"စိုးရိမ်စရာမရှိတော့ပါဘူး...
ဆေးတော့သွင်းထားပေးခဲ့မယ်"

"ဟုတ်ကဲ့ဒေါက်တာ"

"နောက်ပြီး~~နှလုံးရောဂါရှိတဲ့သူတွေဟာ စိတ်ညစ်ခံလို့မရသလို တအားကြီးစိတ်လှုပ်ရှားလို့လဲမရပါဘူး... အဓိကမှာချင်တာကတော့ စိတ်ချမ်းသာအောင်ထားဖို့ပါ... ဒါမျိုးခဏခဏဖြစ်ပါများရင် အသက်အန္တရာယ်ပါထိခိုက်နိုင်တယ်... လူနာကို စိတ်ချမ်းသာအောင်ထားကြပါ"

~~STRING~~ (Completed)Where stories live. Discover now