မေမေ့အခန်းထဲကနေ ပြန်ထွက်လာတော့ အပေါက်ဝတွင်ရပ်နေတဲ့ဖေဖေနဲ့ ထိပ်တိုက်တိုးသည်...။ ဖေဖေကတော့ ဂျောင်ကုကိုတစ်ချက်စိုက်ကြည့်ကာ မေမေ့အခန်းထဲသို့ဝင်သွားချေပြီ...။
ကုမ္ပဏီမှာတစ်နေ့လုံး ပင်ပန်းလာသမျှအမောမပြေ...။ လက်ထဲတွင် ထိုဂင်မ်ထယ်ယောင်းဆိုသူရဲ့ဓာတ်ပုံကိုကိုင်ကာ လေးပင်တဲ့ခြေလှမ်းတွေနဲ့ အပေါ်သို့တက်လာခဲ့လိုက်သည်...။
အခန်းထဲဝင်လာတဲ့ ဖေကြီးက လက်ညှိုးနဲ့လက်မကိုကွေးကာ အဆင်ပြေသလားဆိုတဲ့ပုံစံလုပ်ပြလာတာကြောင့် လက်မလေးကိုထောင်ပြလိုက်တော့ အကျေနပ်ကြီးကျေနပ်သွားသည့်ဟန်ဖြင့်...။
"ဖေကြီးရယ်... ဒီအပ်တွေဖြုတ်ပေးစမ်းပါ... ခဏလေးဟန်ဆောင်ခိုင်းတာကို ဒီလောက်ထိလုပ်စရာလိုသလား...??"
မျက်နှာကြီးကိုရှုံ့တွပြနေသည့် ချစ်ဇနီးကြောင့် အနားသွားကာ ဆေးပိုက်ကိုအသာဖြုတ်ပေးရင်း
"မိန်းမရယ် ဒီလောက်ထိလုပ်ပြမှ သားကယုံမှာပေါ့... ဒေါက်တာ့ကိုလဲမနည်းညှိထားရတာ... ကိုယ့်ဘက်ကတော့ အိုကေသွားပြီ... သူတို့ဘက်က အိုကေဖို့ပဲကျန်တော့တယ်"
"သားကို ကလေးတစ်ယောက်အဖေလက်ထဲ အပ်ရမှာစိတ်မကောင်းပေမယ့် တစ်ဖက်လူကလဲ ကိုယ့်သူငယ်ချင်းရဲ့သား ဖြစ်နေတော့ခက်တယ်... မိဘချင်းကတိထားခဲ့ကြတော့ ဘယ်တတ်နိုင်မလဲလေ"
"စိတ်မကောင်းမဖြစ်ပါနဲ့မိန်းမရယ်... သူတို့ဘက်ကသဘောကို မသိရသေးဘူးလေ... တကယ်လို့ ထယ်ယောင်းဘက်ကသာလက်မခံရင် ပွဲကပြီးနေပြီပဲဟာ... အခြေအနေကိုစောင့်ကြည့်ကြတာပေါ့"
"လက်ခံလိမ့်မယ်လို့ ကျွန်မတော့ထင်တာပဲ...
ကံကိုပဲမျှော်ကိုးရမှာပေါ့ဖေကြီးရယ်"
"ဒါဆိုဒီဘက်က သဘောတူတဲ့အကြောင်း
သတင်းပို့လိုက်ရတော့မလားမိန်းမ...??"
"အို~~သူတို့ဘက်ကအရင်ကမ်းလှမ်းတာပဲ...
သူတို့ဘက်ကဆက်သွယ်မှ ပြန်ဆက်သွယ်မယ်
သူတို့သားရဲ့သဘောထားကို မမေးရသေးဘူးမလား"
"ဟုတ်ပါပြီ...ကိုယ်လောသွားလို့ပါကွာ"
ထိုသို့ပြောတော့ မျက်စောင်းလှမ်းထိုးတာခံရသေးသည်...။ မိန်းမတွေများအခုတစ်မျိုးတော်ကြာတစ်မျိုး တတ်လဲတတ်နိုင်ပါသည်...။
~•~•~•~•~•~•~•~•~•~•~•~•~•~
လက်ထဲတွင်ကိုင်ထားသောဓာတ်ပုံအား ကုတင်ထက်တွင်ပစ်ချကာ သဘက်တစ်ထည်ယူလျှက် ရေချိုးခန်းထဲသို့ဝင်သွားလိုက်သည်...။
ရေပန်းအောက်တွင်ရပ်နေသော်ငြား ရင်ထဲက အပူမီးကငြိမ်းမသွား...။ ရေချိုးနေတာလည်း အတော်ကြာပြီမို့ ရေပန်းအားပိတ်ကာ တဘတ်ကိုခါးမှာသိုင်းလျှက် စိတ်ညစ်ညူးစွာဖြင့် အခန်းထဲပြန်ဝင်လာခဲ့လိုက်သည်...။
ဘီရိုတံခါးအားဆွဲဖွင့်ကာ တီရှပ်တစ်ထည်နဲ့ဘောင်းဘီတစ်ထည်ကို ကောက်စွပ်ပြီး ကုတင်ထက်ဖင်ထိုင်ချမိခိုက် အောက်တွင်ခံနေတဲ့အရာကြောင့် ဆွဲထုတ်ကြည့်မိတော့ ဂင်မ်ထယ်ယောင်းဆိုသူရဲ့ဓာတ်ပုံ။
ဓာတ်ပုံကိုကိုင်ကာ အလုပ်စားပွဲဆီသို့သွားရင်း ထိုလူရဲ့ကိုယ်ရေးရာဇဝင်တွေကို သိချင်စိတ်ဖြင့် တစ်ခုမကျန်လှန်လှောရှာကြည့်မိသည်...။
ညဆယ်နာရီသာလွန်လာသည် ထိုကလေးအဖေနဲ့ပတ်သတ်သည့် အစအနတစ်ခုလေးပင်မတွေ့...။ ယုတ်စွအဆုံး ထိုမိသားစုရဲ့အိမ်ထောင်စုစာရင်းတွင် ထိုကလေးရဲ့နာမည်ပင်မတွေ့...။
နာမည်~ဂင်မ်ထယ်ယောင်း
အသက်~~၃၀
ပညာအရည်အချင်း~အင်ဂျင်နီယာကျောင်းဆင်း
ဂင်မ်မိသားစုရဲ့ တစ်ဦးတည်းသောသားဆိုသည့် အချက်အလက်အပြင် ဘာဆိုဘာမှမသိရ...။ ဘာ့ကြောင့် အဲ့သလောက်ထိဖုံးဖိထားရသလဲ နားကိုမလည်တော့...။ အနည်းဆုံးတော့ ကလေးအမေရဲ့နာမည်ကို သိသင့်သည်မဟုတ်လား...။
မပတ်သတ်ရသေးခင် ဂျောင်ကုမှာ ပဟေဠိပုစ္ဆာတွေကို အဖြေညှိနေရသည်...။ ပြီးတော့ကိုယ့်လိုလူမျိုးကိုမှ သမက်ရွေးတော်ချင်သတဲ့...။ အေးလေ... ကိုယ်ကလည်း စီးပွားရေးလောကမှာ နာမည်ကြီးသည့်အပြင် သမီးရှင်တွေကြားမှာပါ သတင်းမွှေးလွန်းတော့ သမက်ဖမ်းချင်ကြတာမဆန်းပါဘူး...။
ဘေးတွင်ချထားသောဓာတ်ပုံလေးအား
မြှောက်ကိုင်ကာတည့်တည့်စိုက်ကြည့်ရင်း
"ခင်ဗျားဘက်က လက်မခံဖို့မျှော်လင့်တယ် ဂင်မ်ထယ်ယောင်းရှီ... မငြင်းသာလို့ လက်ထပ်ဖြစ်ခဲ့ရင်တောင် ကျုပ်ဘက်က လုပ်သင့်လုပ်ထိုက်တာကိုတော့ လုပ်ရမှာပဲ"
ခေါင်းထဲတွင်ပေါ်လာသည့်အကြံအစည်ကြောင့် ဟက်ကနဲ တစ်ချက်ရယ်လိုက်မိသည်...။ တစ်ဖက်လူအတွက် စိတ်မကောင်းပေမယ့် အချစ်မပါသည့်အပြင်တာဝန်ယူမှုကြီးတဲ့ ဒီအိမ်ထောင်ရေးကြီးကို သေတဲ့အထိတော့ သူမထမ်းဆောင်ချင်ဘူးလေ...။
..................................To Be Continued
YOU ARE READING
~~STRING~~ (Completed)
Romanceအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
Part - 1
Start from the beginning
