"မေမေဝမ်းသာလိုက်တာသားရယ်... ဟိုဘက်ကမိဘတွေသာသိရင် ပိုဝမ်းသာကြမှာ... ထယ်ယောင်းလေးသာ သဘောတူလို့ကတော့ အိုကေပဲ... မနက်ဖြန်သဘက်ခါဆို မင်္ဂလာပွဲတောင်စီစဉ်လို့ရပြီ"
"ဒါဆိုတစ်ဖက်ကသူက ဒီကိစ္စကိုမသိသေးဘူးပေါ့..??"
"ဟုတ်တယ်သားလေး... မပြောရသေးတာပါ... ဒီနေ့ပြောမယ်တဲ့... မနက်ဖြန်အဖြေသိရမှာပေါ့"
တစ်ဖက်လူဘက်က သဘောမတူဖို့သာ ဂျောင်ကုစိတ်ထဲ အကြိမ်ကြိမ်ဆုတောင်းနေမိသည်...။ သူ့ဘက်က လက်မခံရင် အိုကေပြီပေါ့...။
"ဒါက သူ့ဓာတ်ပုံလေး"
အံဆွဲထဲကနေထုတ်ပြီး ဂျောင်ကုလက်ထဲ ထိုးထည့်ပေးလာတဲ့ဓာတ်ပုံကို တစ်ချက်ကြည့်ပြီး မျက်မှောင်ကိုကျုံ့လိုက်သည်...။
"နာမည်အပြည့်အစုံကတော့ ဂင်မ်ထယ်ယောင်းတဲ့... အင်ဂျင်နီယာနဲ့ကျောင်းပြီးထားတာ... အသက်က ၃၀ဆိုပေမယ့် တအားနုတယ်နော်သားလေး... ကြည့်ပါဦး ချစ်ဖို့မကောင်းဘူးလား...??"
ကိုယ့်ထက်အသက်၎နှစ်ကြီးတဲ့သူဟာ ဓာတ်ပုံထဲမှာတော့ ရင့်ကျက်မှုအပြည့်ဖြင့်သာ...။ ကိုယ့်ထက်အသက်ကြီးတော့ ဦးဆောင်ဦးရွက်ပြုနိုင်တာပေါ့လို့ မေမေပြောပေမယ့် ဒီလိုနုနုဖတ်ဖတ်ပုံစံကို ဘယ်နေရာမှာ သွားအားကိုးရမလဲ...??
"မဆိုးပါဘူး"
"သားဘက်က လက်မခံနိုင်သေးဘူးဆိုတာသိပေမယ့် မေမေ့စကားကိုနားထောင်ပါသားရယ်... ဒါကိုလက်ခံလိုက်လို့ သားနောင်တမရစေရပါဘူး... ပြီးတော့ ထယ်ယောင်းက ရည်ရည်မွန်မွန်လေးပါ... မိန်းမလည်တွေထက်စာရင် ငါ့သားကို သူလေးနဲ့ပဲသဘောတူတယ်"
"သားလက်ခံနိုင်ဖို့ကြိုးစားပါ့မယ်... ဒါပေမယ့်မေမေ... ကလေးအဖေဆိုတော့ သူနဲ့ပတ်သတ်ဖူးတဲ့ သက်ဆိုင်သူက ကျွန်တော့်ကိုအနှောင့်အယှက်ပေးလာခဲ့ရင် ဘယ်လိုဖြေရှင်းပေးမှာလဲ...??"
"ဒါတော့မပူနဲ့သား... ဒါတွေကိုကြိုသိလို့ သူတို့ဘက်က တစ်ခါတည်းဖြေရှင်းချက်ပေးပြီးသားပါ... အဲ့ဒီလိုမျိုးတွေ လုံးဝမရှိပါဘူးတဲ့"
"သူတို့ပြောသလိုဖြစ်ဖို့မျှော်လင့်ပါတယ်... မေမေလဲသက်သာနေပြီမလား... ဒါဆိုသားအပေါ်တက်တော့မယ်"
YOU ARE READING
~~STRING~~ (Completed)
Romanceအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
Part - 1
Start from the beginning
