ဂျောင်ကုလည်း မေမေ့ဘေးနားပြေးသွားကာ ဖေဖေ့လက်ထဲကနေဆွဲပွေ့ချီရင်း အိပ်ခန်းဆောင်ထဲသို့ ခေါ်လာလိုက်သည်...။
"မေမေ~~မေမေ သတိထားပါဦး...!!!"
မေမေ့မှာ နှလုံးရောဂါအခံရှိတာကြောင့် ရုတ်တရက် shock ရပြီးသတိလစ်သွားပုံပင်...။ လက်ကလေးကိုကိုင်ကာ လှုပ်နှိုးပေမယ့်သတိမလည်လာ...။
"မိဘကို စိတ်ဆင်းရဲအောင်လုပ်တဲ့သား"
ဖေဖေဟာ ထိုသို့ပြောပြီး တစ်ဖက်ကိုလှည့်သွား၏...။ မျက်နှာတောင် မကြည့်ချင်တော့ဘူးတဲ့လား...?? တစ်ခါလေး စကားနားမထောင်မိတာ ဒီလောက်တောင်ဖြစ်သွားရအောင် အဲ့ဒီလက်ထပ်ရမယ့်သူကဘယ်လောက်တောင် တော်ဝင်ပြီးကြီးကျယ်မြင့်မြတ်နေလို့ပါလဲ...??
"ဒေါက်တာကြွပါခင်ဗျ"
ဒေါက်တာရောက်လာတာကြောင့် ကုတင်ပေါ်ကဆင်းကာ ဘေးတွင်ရပ်နေရင်း မေမေ့အခြေအနေကို အကဲခတ်နေလိုက်သည်...။ ခဏအကြာစမ်းသပ်မှုအပြီးမှာ...
"စိုးရိမ်စရာမရှိတော့ပါဘူး...
ဆေးတော့သွင်းထားပေးခဲ့မယ်"
"ဟုတ်ကဲ့ဒေါက်တာ"
"နောက်ပြီး~~နှလုံးရောဂါရှိတဲ့သူတွေဟာ စိတ်ညစ်ခံလို့မရသလို တအားကြီးစိတ်လှုပ်ရှားလို့လဲမရပါဘူး... အဓိကမှာချင်တာကတော့ စိတ်ချမ်းသာအောင်ထားဖို့ပါ... ဒါမျိုးခဏခဏဖြစ်ပါများရင် အသက်အန္တရာယ်ပါထိခိုက်နိုင်တယ်... လူနာကို စိတ်ချမ်းသာအောင်ထားကြပါ"
"ဟုတ်ကဲ့ဒေါက်တာ"
"ဒါဆိုကျွန်တော့်ကိုခွင့်ပြုပါဦး"
"ဘာလုပ်နေတာလဲဂျွန်ဂျောင်ကု
ဒေါက်တာ့ကိုလိုက်ပို့ပေးလိုက်လေ"
"နေပါစေ~ကျွန်တော့်မှာ ကားပါပါတယ်"
"အဲ့ဒါဆိုလဲခြံရှေ့ထိလိုက်ပို့ခွင့်ပြုပါ"
ဂျောင်ကုလည်း ဒေါက်တာ့ဆေးအိတ်အားဆွဲကာ အခန်းပြင်သို့ထွက်လာခဲ့လိုက်သည်...။ ဒေါက်တာ့အား ကားအနားထိလိုက်ပို့ပေးပြီး မေမေ့အခန်းထဲပြန်ဝင်လာတော့ မေမေဟာ သတိပြန်လည်လာချေပြီ...။
မေမေ့အနားပြေးထိုင်ကာ စကားပြောဖို့ကြံရွယ်လိုက်ပေမယ့် တစ်ဖက်သို့ကျောခိုင်းသွားတဲ့မေမေကြောင့် ဂျောင်ကုစိတ်ထဲမကောင်း~~။
YOU ARE READING
~~STRING~~ (Completed)
Romanceအိမ်ထောင်တစ်ခုထူထောင်ရတယ်ဆိုတာ နိုင်ငံလေးတစ်နိုင်ငံကို ထူထောင်ရတာနဲ့တူတယ်~~ ယုံကြည်မှုဆိုတဲ့ ကော်လေးနဲ့ကပ်ထားနိုင်မှ အဲ့ဒီအိမ်ထောင်ရေးက ခိုင်မြဲတာတဲ့~~ အတွေ့တွေ အငွေ့တွေဆိုတာ နေရောင်လာရင် ပျောက်တဲ့နှင်းလိုပါပဲ~~ တကယ်တမ်းစစ်မှန်တဲ့ ခိုင်မြဲမှုဆိုတာ မ...
Part - 1
Start from the beginning
