"ကျန်ရှင်းဆွေ့ကကျောင်းမှာ ပုံမှန်ဆိုအကျင့်စရိုက်က ထူးခြားတယ်"

"သူသေချာပေါက်အန်းရန်ကို အနိုင်ကျင့်ခဲ့ဖူးတာပေါ့ ကျောင်းကန်တင်းမှာဆို အန်းရန်ကိုအမြဲခက်ခဲအောင်လုပ်တယ်"

"အန်းရန်က တကယ်သနားစရာကောင်းလွန်းတယ်"

မနေ့တုန်းကပဲ အင်တာနက်ပေါ်မှာ အန်းရန်ကိုတော်ဝင်မိသားစုကဆိုပြီး ဝိုင်းဆဲနေကြပေမဲ့ ဒီနေ့ကျတော့ ဒီလောက်ကြီးတဲ့ဖရဲသီးကြီး ရောက်လာလိမ့်မယ်လို့ မထင်ထားမိကြလေဘူး။ အင်တာနက်သုံးစွဲသူတွေဟာ အံ့အားသင့်နေကြပြီး တော်တော်များများက တရားမျှတမှုအတွက် ရှေ့ထွက်လာကြတော့တယ်။ ဒီသနားစရာကောင်းလှတဲ့ အန်းရန်လေးက အရင်တုန်းကအနိုင်ကျင့်ခံခဲ့ရတာကို သိရှိသွားပြီးနောက် လက်သည်ကျန်ရှင်းဆွေ့က သေချာပေါက်ပဲ တိုက်ခိုက်ခံရဖို့အတွက် ပစ်မှတ်ဖြစ်လာတော့တယ်။

"အမှန်တိုင်းပြောရရင် ငါလည်းအစကတည်းက သူ့ကိုလူကောင်းလို့မထင်ထားဘူးရယ်"

"အရည်အချင်းကလည်း အရမ်းမှမကောင်းနေတာ ပွဲဦးမထွက်ဘူးလုပ်နေသေးတယ်?"

"ဖန်တွေရေလာကြည့်ကြစမ်း ကျောင်းတွင်းအနိုင်ကျင့်တာ ဒါကမင်းတို့ရဲ့အိုင်ဒေါတဲ့လား?"

ကျန်ရှင်းဆွေ့အားလုံးကို တိတ်တဆိတ်ကြည့်ပြီးသွားတော့ စိတ်ထဲမှာရှုပ်ထွေးသွားရတော့တယ်။

သူမှတ်မိတာ ဒီကိစ္စကအရင်ဘဝမှာတုန်းကလည်း ဖြစ်ခဲ့သေးတယ်။ ဒါပေမဲ့အဲ့အချိန်တုန်းက 'StarLight'ရိုက်ကူးပြီးပြီးချင်းမဟုတ်ဘဲ အတော်လေးကြာမြင့်သွားမှဖြစ်တယ်။ အန်းရန်နာမည်ရပြီးသွားတော့မှ ထွက်လာတဲ့သတင်းတွေဖြစ်တယ်။ အဲ့တုန်းကသူအင်တာနက်တစ်ခုလုံးမှာ ဆဲရေးခံနေခဲ့ရပြီးတော့ အန်းရန်ရဲ့ဖန်တွေက အပြင်မှာထိပါတိုက်ခိုက်လာခဲ့ကြတယ်။ သူ့အတွက်စိတ်ရောကိုယ်ပါ ထိခိုက်မှုတွေဖြစ်ပွားစေခဲ့တာပေါ့။

ဒီကိစ္စကြောင့် သူအလုံးစုံကြေမွပျက်စီးသွားပြီးတော့ နောက်ဆုံးစိတ်ပျံ့လွင့်ကာ ကားမတော်တဆဖြစ်ပြီး သေဆုံးသွားခဲ့ရတော့တယ်။

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now