ခေါင်းဆောင်ဝူက ဝူယုမှာဖြစ်ပျက်နေတဲ့အရာရာတိုင်းကို မြင်နေရတယ်။ဝူယုရဲ့ခန္ဓာကိုယ်က လျှင်မြန်စွာ ကြုံ့ဝင်သွားပြီး ဝူယုကနာကျင်လွန်းတာကြောင့် ပါးစပါကနေ သွေးတွေအန်ထွက်နေတယ်။သူ့ရဲ့မျက်နှာက ပုံပျက်ပန်းပျက်တွန့်လိမ်သွားပြီး သူ့ရဲ့နှာခေါင်းက ဘယ်ဘက်ကိုရောက်သွားပြီး ပါးစပ်ကတော့ ညာဘက်ကိုရောက်သွားတယ်။ဆယ့်ငါးမိနစ်ခန့်ကြာပြီးချိန်မှာတော့ အသက်ရှင်နေတဲ့ လူသားတစ်ယောက်က ဘယ်တော့မှမရှိခဲ့သလိုမျိုး အရေပြားတစ်ခုနှင့်ရွံ့ရှာဖွယ်ရာ အနံ့ဆိုးတွေသာ ကျန်နေခဲ့တယ်။

ဝူချန်ဇီက ဝူရုန်၏အရည်ပြားကို မြင်တွေ့ရသလိုမျိုး ရူးသွပ်စွာ ကျယ်လောင်စွာ ရယ်မောလိုက်တယ်။

ခေါင်းဆောင်ဝူက ရူးသွပ်နေတဲ့လူကို ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်တယ်။

အစောင့်လေးယောက်က ကြောက်လန့်စွာ  တံတွေးမျိုချလိုက်ပြီး ဝူချန်ဇီကို ကြောက်ရွံ့စွာ ကြည့်လိုက်ကြတယ်။

ဝူချန်ဇီက ရုတ်တရက် ရယ်မောတာကို ရပ်တန့်လိုက်ပြီး အစောင့်တွေကို ပြောလိုက်တယ်"ဒီသေတ္တာကို သူ့မိဘတွေဆီကို သယ်သွားလိုက်။ပြီးတော့ သူတို့ကို ဝူရုန်ပို့ပေးတာလို့ပြောလိုက်"

"ဟုတ်"

အစောင့်တွေက သေတ္တာကိုသယ်ပြီး လျှင်မြန်စွာ ထွက်သွားလိုက်တယ်။သူတို့အသက်က ထွက်ပြေးသလိုမျိုးလျှင်မြန်စွာ သွားလိုက်ကြတယ်။သူတို့က ဝူချွင်လီနှင့်ရန်လန်ယုတို့ရဲ့အရှေ့မှာ သေတ္တာကို ချလိုက်ပြီး ဝူရုန်ကပို့ပေးတာဖြစ်ကြောင်းပြောပြီး လျှင်မြန်စွာထွက်သွားလိုက်ကြတယ်။

"အထဲမှာဘာရှိသလဲ?"ဝူချွင်လီက သေတ္တာနားကိုလှေိာက်လာပြီြးောလိုက်တယ်။

"အဲဒါက အတိအကျကိုကောင်းတာမဖြစ်နိုင်ဘူး"ရန်လန်ယုက လှောင်လိုက်တယ်။

သူမက ဝူရုန်က သူတို့ကိုကောင်းတာပို့လိမ့်မယ်လို့ မယုံကြည်ဘူး။

ဝူအန်းရီက သေတ္တာနားကို လျှောက်လာတော့ သေတ္တာထဲကနေ အနံ့ရလိုက်ပြီး ပြောလိုက်တယ်"ဒီထဲက အနံ့က သွေးနံ့နဲ့တူတယ်"

COTAW(Zawgyi)Where stories live. Discover now