ရုတ်တရက်အကြီးအကဲထန်းဇောင်က စူးစူးဝါးဝါး အော်လိုက်တယ်။

"ဘာဖြစ်တာလဲ?"ကျောင်းထိုင်ဘုန်းတော်ကြီးက မေးလိုက်တယ်။

"ကျောင်းထိုင်ဆရာတော် ဗုဒ္ဓမှော်လက်နက်ကို ကြည့်အုန်း"အကြီးအကဲထန်းဇောင်က ကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့မှော်လက်နက်ကို ကျောင်းထိုင်ဘုန်းတော်ကြီးကို ပြသလိုက်တယ်။ရွှေရောင်ဘောလုံးပေါ်မှာ ရှေးအက္ခရာတွေက ရှိတယ်။ဒါပေမဲ့ အခုချိန်မှာတော့ ရွှေရောင်ဘောလုံး၏မျက်နှာပြင်က ချောမွတ်နေတယ်။၎င်းကို စိတ်စွမ်းအင်သုံးပြီး အသက်သွင်းလိုက်တဲ့မှာ ၄င်းကရွှေရောင်ကြာပန်းပုံ ပြောင်းသွားတာတယ်။၎င်းက အခြားသောပုံစံတွေကို မပြောင်းနိုင်ဘူး။အတိအကျကို သူခိုးတွေက ကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့ မှော်လက်နက်ကို ခိုးယူသွားပြီး ၄င်းနေရာမှာ အစားထိုးထားတာဖြစ်တယ်။

"ဘာကြောင့်လဲ?ဘယ်လိုဖြစ်တာလဲ?"ကျောင်းထိုင်ဘုန်းတော်ကြီးက မူးဝေသွားပြီး မြေကြီးပေါ်လဲကျသွားတယ်။အကြီးအကဲထန်းဇောင်က လျှင်မြန်စွာ သူကို ထိန်းပြီး မတ်တပ်ရပ်နိုင်အောင် ကူညီပေးလိုက်ပြီး"အဆင်ပြေရဲ့လား?"

ကျောင်းထိုင်ဘုန်းတော်ကြီးက သူ့လက်ကိုဝေ့ယမ်းလိုက်ပြီး ကျယ်လောင်စွာ ပြောလိုက်တယ်"ကျုပ်တို့ ကျုပ်တို့အတွက် အရှင်မင်းကြီးကို ကိစ္စတစ်ခုလုံးစုံစမ်းစစ်ဆေးဖို့ တင်ပြရမယ်"

ဝူချန်ဇီက အရာရာတိုင်းက သူစီစဉ်ထားတဲ့အတိုင်း မဖြစ်တာကြောင့် မျက်မှောင်ကြုတ်လိုက်တယ်။သူက ဖြေရှင်းချက်ပေးရတော့မယ်။

ဝူရုန်က ဟေးရွမ်ရီ၏လက်မောင်းထဲနေ မီးလောင်သွားတဲ့ ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး တစ်ယောက်မှမမြင်နိုင်အောင် တောက်ပစွာပြုံးလိုက်တယ်။

မကြာခင်မှာတော့ ဒီသတင်းက အရှင်မင်းကြီးနားထဲရောက်သွားတယ်။အရှင်မင်းကြီးက ကိုယ်ရံတော်အစောင့်အကြပ်တွေနှင့် လင်းဖူဘုရားကျောင်းကို ရောက်လာပြီး ဘုရားစေတီက မီးလောင်သွားတာကို တွေ့တော့ ဒေါသအရမ်းထွက်သွားတယ်။သူက ဒီကိစ္စမှာ ဝူချန်ဇီက ပါဝင်နေမှန်းသိတော့ ပိုပြီးဒေါသထွက်လာတယ်။

COTAW(Zawgyi)Where stories live. Discover now