အကြီးအကဲထန်းမြောင်က မျက်မှောင်ကြုတ်လိုက်ပြီး ဒေါသတကြီး မေးလိုက်တယ်"ဂရန်းမစ္စတာ မင်း ကျုပ်ကို ရှင်းပြသင့်တယ်လို့ မထင်ဘူးလား?"

လူတိုင်းက ဝူချန်ဇီကို ကြည့်လိုက်တယ်။

"ဘယ်လိုလုပ်ပြီး ဒါက ဂရန်းမစ္စတာနှင့် သက်ဆိုင်တာလဲ?"အကြီးအကဲထန်းကျီကမေးလိုက်တယ်။

သူခိုးတွေထဲက တစ်ယောက်က ဝူချန်ဇီရဲ့အစောင့်ဖြစ်သော်လည်းဘဲ လူတိုင်းက ဝူချန်ဇီက ကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့မှော်လက်နက်ကို ခိုးယူမှာ မဟုတ်ဘူးလို့ ယုံကြည်တယ်။

အကြီးအကဲထန်းမြောင်က ဝူချန်ဇီကို စိုက်ကြည့်ပြီးပြောလိုက်တယ်"ဘာကြောင့်လဲဆိုတော့ ဂရန်းမစ္စတာက ကျုပ်ကို အဲဒီဧည့်သည်တွေကို ခေါ်သွားဖို့ တောင်းဆိုခဲ့လို့ဘဲ"

ဒီကိစ္စကိုပြောရရင် သူက ဒီဧည့်သည်တွေကို မနှစ်သက်ပေမဲ့ ဂရန်းမစ္စတာက တောင်းဆိုတာကြောင့် ခေါ်ခဲ့တာဖြစ်တယ်။သူက ဂရန်းမစ္စတာ တောင်းဆိုတာမဟုတ်ရင် သူခေါ်ခဲ့မှာ မဟုတ်ဘူး။

လူအုပ်ကြီးက ဝူချန်ဇီကို ကြည့်လိုက်ပြီး တုန်လှုပ်သွားတယ်။

"......."ဝူချန်ဇီက အလွန်ကို စိတ်အနှောင့်အယှက်ဖြစ်သွားတယ်။အကြီးအကဲထန်းမြောင် စန်းလန်နှင့် ဝူချန်ဇီကသာ စန်းလန်တို့ကို လင်းဖူဘုရားကျောင်းကို ပို့တဲ့သူက ဝူချန်ဇီဆိုတာ သိတဲ့သူတွေဖြစ်တယ်။သူက အကြီးအကဲထန်းမြောင်က ဒီလျှို့ဝှက်ချက်ကို အမြဲတမ်း ထိန်းသိမ်းထားလိမ့်မယ်လို့ ယုံကြည်ခဲ့တယ်။ဒီကိစ္စမှာ ဝူရုန်က သူက စန်းလန်တို့ကို ဘုရားကျောင်းထဲမှာတွေ့ခဲ့ပေမဲ့ ဝူရုန် ဝူချန်ဇီသည် စန်းလန်တို့ကို လင်းဖူဘုရားကျောင်းပို့လိုက်တဲ့သူဆိုတာ မသိပါဘူး။

"ကျုပ်က သူတို့ကို အကြီးအကဲထန်းမြောင်ကို ခေါ်သွားဖို့တောင်းဆိုခဲ့တာက ကျုပ် သူတို့အပေါ်စာနာလို့ဘဲ။ဒါပေမဲ့ ကျုပ် သူတို့က ဘယ်လိုလုပ်ပြီး.... "သူက အလွန်ကို ဝမ်းနည်းနေတဲ့ပုံပေါ်နေပြီး"သူတို့က ဒီလိုမျိုးမကောင်းတာကို လုပ်ရဲကြတယ်"

သူကို့ကြည့်ရတာ ဝမ်းနည်းနေပြီး ဒေါသထွက်နေပုံပေါ်ပြီး အခြားသူတွေကတောင် ဒီလိုမျိုးအတွေးဝင်လာစေတယ်။

COTAW(Zawgyi)Where stories live. Discover now