Chapter - 35.1

Mulai dari awal
                                    

ကျန်ရှင်းဆွေ့အထဲမှာ ခွက်ယူကာသွားတိုက်ရင်း ပြောလိုက်တယ် "ဒီနှစ်ရက်မှာဟောဘက်မှာ အမြဲလူရှိနေတာ အရေးကြီးလောက်မယ်ထင်တယ် မင်းတို့အဲ့အချိန်ကျရင် နေရာကောင်းကောင်းတစ်ခုရှာပြီး ကင်မရာမန်းဆီက ရိုက်ချက်ယူကြနော်"

နင်ဇယ်ကစကားနည်းပေမဲ့ သတင်းတော့စုံလေတယ် "ကျန်မိသားစုက အရမ်းကြီးတဲ့၅ဆင့်ကိတ်မုန့်ကြီး မှာထားတာ မနက်အစောကပဲလာပို့တာ ငါတို့အယောက်၅၀တောင်စားမှာမလို့ မလောက်မှာစိုးတာကြောင့် အထူးမှာထားတာလို့ပြောတယ်"

ကျန်ရှင်းဆွေ့သွားတိုက်နေတဲ့လက်တွေ ရပ်တန့်သွားရတယ်။

သူရယ်ချလိုက်ချင်ပေမဲ့ ပါးစပ်အစွန်းတွေကို ဘယ်လိုမှတွန့်ကွေးလိုက်လို့မရဘူး။

ရှန်ရှင်းချန်ကအင်္ကျီဝတ်ပြီးသွားတော့ သူက "ဘယ်သူကအဲ့ဒီကိတ်မုန့်အစုတ်ကြီးကို စားချင်မှာလဲ အရသာဆိုးလို့သေတော့မှာပဲ ပိုရင်တောင်ပိုနေအုံးမှာ အစာဖြုန်းတီးတဲ့အပြင် လေထုလည်းညစ်ညမ်းအုံးမယ်"

ကျန်ရှင်းဆွေ့ အဲ့တာကိုကြားတော့ ရယ်မိသွားတော့တယ်။

သန့်ရှင်းပြီးသွားကြတော့ သူတို့အဆောင်ထဲကနေထွက်လာလိုက်ကြတယ်။ အန်းရန်တို့အဖွဲ့နဲ့မျက်နှာချင်းဆိုင် တွေ့ရလိမ့်မယ်လို့တော့ မထင်ထားမိဘူး။

ကော်ရစ်တာမှာ ကျောင်းသားတွေအကုန်သိကြတယ်။ အန်းရန်ကတော့သေချာပေါက် debutလုပ်ရမယ်ဆိုတာကိုပေါ့။ ပြီးတော့အိမ်ရဲ့နောက်ခံကလည်း အားကောင်းသေးတယ်။ အဲ့တာကြောင့်အားလုံးကို အလိုက်သိစွာပဲ သွားနှုတ်ဆက်စေတယ်။ အကျွမ်းဝင်တဲ့အကြည့်လေးတင်မကပဲ ပါးစပ်ကလည်း ဆုတောင်းပေးကြသေးတယ် :

"Happy Birthdayပါ ရန်ရန်"

"Happy Birthday!"

"ကြယ်လေးဒီနေ့အရမ်းချောတာပဲ!"

အန်းရန်မျက်နှာပေါ်က အပြုံးကလည်းမရပ်တန့်နိုင်တော့ဘူး။ သူကလည်းကျေးဇူးတင်ကြောင်းတစ်ဖွဖွပြောနေတယ် "အားလုံးကိုကျေးဇူးပါနော် ခဏနေရင်အားလုံးကိတ်မုန့်လာစားကြပါဦးနော်"

တခြားကျောင်းသားတွေအကုန် သဘောတူကြတယ်။ မျက်နှာဖုံးတပ်တာတော့ တော်တော်လေးတော်ကြတယ်။

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီTempat cerita menjadi hidup. Temukan sekarang