ဘယ်သူကမှ သူမပြောတာကို အရေးမလုပ်ပါဘူး။ဘယ်သူကများ ဒီအမဲရောင် မျက်လုံးတွေက ဘာကိုဆိုလိုတယ်ဆိုတာ မသိလို့လဲ?

"အဲဒါကို ငါ့ကိုပြန်ပေးစမ်း!အဲဒါကို ငါ့ကိုပြန်ပေးစမ်း"ဝူယုက နေရာတိုင်းကို ဓားနှင့်ဝေ့ယမ်းနေပြီး ရန်လန်ယုကိုတောင် ဖြတ်မိလုနီးပါးဘဲ။

"သူ့ကိုကြိုးချည်ထားလိုက်"ဝူပုဖန်က နောက်ဆုံးမှာတော့ သတိပြန်ဝင်လာတယ်။

သူအပါအဝင် အစောင့်တွေက မှော်လက်နက်တွေ ကြိုးတွေနှင့် ဝူယုကို ရှေ့တက်လာပြီး ဖမ်းလိုက်ကြတယ်။

အကြီးအကဲရှင်းက ဝူယုရဲ့သွေးခုန်နှုန်းကို စမ်းသပ်လိုက်ပြီး ဝူယုရဲ့ခန္ဓာကိုယ်ထဲမှာ နတ်ဆိုးစိတ်စွမ်းအင်ကို ခံစားမိတာကြောင့်"ငါသူ့ရဲ့ခန္ဓာကိုယ်ထဲမှာ နတ်ဆိုးစိတ်စွမ်းအင်ကို ခံစားမိတယ်။ဖြစ်နိုင်တာက သူကမကြာခင်မှာ ဆိုးယုတ်တဲ့နတ်ဆိုးအဖြစ်ကို ပြောင်းသွားတော့မယ်"

"သူက နတ်ဆိုးစိတ်စွမ်းအင်ကို စုတ်ယူခဲ့တာကြောင် ဒီလောက်မြန်မြန် အဆင့်တက်နိုင်လား?"တစ်စုံတစ်ယောက်က မေးလိုက်တယ်။

"အဓိပ္ပာယ်မရှိလိုက်တာ"ရန်လန်ယုက ငြင်းခုံလိုက်ပြီး ဒေါသတကြီးပြောလိုက်တယ်"ငါ့သားက ဘယ်တော့မှ နတ်ဆိုးစိတ်စွမ်းအင်ကို မစုတ်ယူခဲ့ဘူး။အဲဒါက ဝူရုန်...."

"ရန်လန်ယု နင်က အရာရာတိုင်းအတွက် ငါ့အကိုကိုဘဲ အပြစ်တင်မနေနဲ့"ဝူရှိက သူမကိုဖြတ်ပြောလိုက်တယ်။

"သူ့အပြင်ဘယ်သူရှိသေးလို့လဲ?ဝူယုက သူနဲ့မတွေ့ခင်တုန်းက အကောင်းချည်းဘဲ ရှိသေးတာ"

အကြီးအကဲရှင်းက ခေါင်းခါပြီး ပြောလိုက်တယ်"သူ့ခန္ဓာကိုယ်ထဲမှာ နတ်ဆိုးစိတ်စွမ်းအင်တွေရှိနေတာ လအနည်းငယ်လောက်ကြာနေပြီ။အခုမှ အသစ်ထည့်သွင်းထားတာမဟုတ်ဘူး"

ဝူရှိက လှောင်လိုက်တယ်"နင်ကြားတယ်မလား?ဝူယုခန္ဓာကိုယ်ထဲမှာ နတ်ဆိုးစိတ်စွမ်းအင်တွေရှိနေတာ လအနည်းငယ်ကြာနေပြီတဲ့။ဒါက ငါ့အကိုလုပ်တာ မဟုတ်ဘူး"

ရန်လန်ယုက တုံ့ဆိုင်းနေပြီးမှ ဝူရုန်ကို အပြစ်တင်လိုက်တယ်"တကယ်ကိုဘဲ အရာရာတိုင်းက ဝူရုန်လုပ်တာဘဲ ဖြစ်ရမယ်။တစ်စုံတစ်ယောက်က ငါ့သားက နတ်ဆိုးစိတ်စွမ်းအင်ကြောင် အဆင့်မြန်မြန်တက်ခဲ့တာလို့ ပြောတယ်။ဒါဆို ဝူရုန်ကရော?"

COTAW(Zawgyi)Opowieści tętniące życiem. Odkryj je teraz