"ဝူယု ဘာမှားနေတာလဲ?"အခြားလူတွေကလည်း ဘာဖြစ်တာလဲဆိုတာ ခြံဝင်းထဲကို လာကြည့်ကြတယ်။
"တစ်ယောက်မှ မသွားရဘူး"ဝူယုက ဓားအိမ်ထဲက ဓားကို ဆွဲထုတ်ပြီး လူတိုင်းကို ချိန်ရွယ်ပြီး"အဲဒါကို ပြန်ပေး!မဟုတ်ရင် မင်းတို့ တစ်ယောက်မှ မသွားရဘူး"
ရန်လန်ယုနှင့်ဝူချွင်လီက ထိတ်လန့်မှုကြောင့် နေရာမှာဘဲ အေးခဲသွားတယ်။
"သူ ရူးနေတာလား?"တစ်စုံတစ်ယောက်က အော်လိုက်တယ်။
"နင်ကဘဲ အရူး!"ရန်လန်ယုက ဒေါသတကြီး ပြန်အော်လိုက်တယ်။
"ယုအာ ဓားကိုချလိုက်။ဘယ်သူ့ကိုမှ မထိခိုက်စေနဲ့"
"အဲဒါကို ငါ့ကိုပေးစမ်း!မဟုတ်ရင် ငါမင်းကိုသတ်မယ်"ဝူယုက ဝူချွင်လီရှိရာကို ဓားကိုဝေ့ယမ်းလိုက်တယ်။
"ချွင်လီ သတိထား"ဝူပုဖန်က သတိပေးလိုက်တယ်။
"အား"ဝူချွင်လီက နာကျင်စွာ အော်လိုက်တယ်။သူ့ရဲ့ဘယ်ဘက် လက်မောင်းက ပြတ်သွားတယ်။သူက သူ့သားက သူ့ကိုထိခိုက်အောင် လုပ်လိမ့်မယ်လို့ မထင်ထားတာကြောင့် သူကမခုခံခဲ့တာဖြစ်တယ်။
"ဘုရားရေ...သူက သူ့အဖေရဲ့လက်မောင်းကို ဖြတ်လိုက်တယ်။သူ ရူးနေပြီ"အခြားလူတွေက ကြောက်လန့်တကြားအော်လိုက်တယ်။
"ယုအာ သူက နင့်အဖေလေ။ဘယ်လိုလုပ်ပြီး သူ့ကိုထိခိုက်အောင် လုပ်ရတာလဲ?"ရန်လန်ယုက စိုးရိမ်တကြီးအော်လိုက်တယ်။
"ကြည့်လိုက် ဝူယုရဲ့မျက်လုံးက အနက်ရောင် ပြောင်းသွားပြီ"တစ်စုံတစ်ယောက်က အော်လိုက်တယ်။
လူတိုင်းက ကြည့်လိုက်တော့ ဝူယုရဲ့မျက်သားအဖြူတွေက အနက်ရောင်ပြောင်းသွားတာကို တွေ့လိုက်ရတယ်။
"သူနဲ့ဝေးဝေးနေ! သူက နတ်ဆိုးစိတ်ဝိညာဉ် လွှမ်းမိုးခံရတာဘဲ။သူ တစ်ယောက်ကိုမှ မမှတ်မိနိုင်ဘူး"
"ငါ့သားက နတ်ဆိုးစိတ်ဝိညာဉ်လွှမ်းမိုးခံရတာ မဖြစ်နိုင်ဘူး။သူက ဝူရုန်က သူ့ပစ္စည်းခိုးလို့ ဒေါသထွက်နေတာကြောင့်ဘဲ"ရန်လန်ယုက ဒေါသတကြီးပြောလိုက်တယ်။
296-297
Start from the beginning