"ဒါက ခြားနားတယ်"ရီကျဲက ပြောလိုက်တယ်။

ကျင်းရှင်က လှောင်လိုက်တယ်"မင်းက မကြာခဏ သုံး-ခုနှစ်ကျောက်တုံးနဲ့ စာချုပ်ချုပ်ခဲ့ပြီး နတ်ဆိုးစိတ်ဝိညာဉ်ကို ပြီးပြည့်စုံအောင် ပြောင်းလဲနိုင်ခဲ့တာဘဲ။ငါထင်တာတော့ သူက သုံး-ခုနှစ်ကျောက်တုံးက စိတ်စွမ်းအင်တွေကို စုတ်ယူလိုက်တာဖြစ်မယ်။သုံး-ခုနှစ်ကျောက်တုံးက နတ်ဆိုးကလန်က ပစ္စည်းဘဲ။စိတ်စွမ်းအင်တွေက သန့်စင်နေရင်တောင် နတ်ဆိုးစိတ်စွမ်းအင်ဘဲဖြစ်မှာဘဲ"

ကျင်းရှင်ဆိုလိုတာက ဝူရုန်က သုံး-ခုနှစ်ကျောက်တုံးကနှင့်စာချုပ်ချုပ်ပြီး ဥကလေးအဖြစ်ပြောင်းလဲခဲ့တာကို ဆိုလိုတာဖြစ်တယ်။

"ဒါဆိုရင် တစ်စုံတစ်ယောက်က သုံး-ခုနှစ်ကျောက်တုံးကနေ စိတ်စွမ်းအင်တွေ စုတ်ယူပြီး အဆင့်မြန်မြန်တက်အောင် ချိုးဖျက်လို့ရနိုင်လား?"ဝူရုန်က မေးလိုက်တယ်။

"သေချာတာပေါ့။သုံး-ခုနှစ်ကျောက်တုံးထဲမှာ စိတ်စွမ်းအားတွေက အရမ်းသိပ်သည်းနေတာ။လူသားတစ်ယောက်ကို လုံးဝကူညီနိုင်မှာဘဲ"

"ဝူယုကလည်း သူက နတ်ဆိုးစိတ်စွမ်းအင်ရဲ့လွှမ်းမိုးခံထားရတာကို သိမှာဘဲ။ဒါပေမဲ့ သူက သုံး-ခုနှစ်ကျောက်တုံးကို အသုံးပြုပြီး ခုခံထားတာဖြစ်လိမ့်မယ်။ဒါက သူ့ရဲ့စိတ်စွမ်းအင် အဆင့်မြန်မြန်တက်ချင်တာကြောင့်  ဖျားယောင်းခံလိုက်ရတာဘဲ"ဝူရုန်က လှောင်လိုက်တယ်။

ဝူရုန်က ဝူယုက ရန်လန်ယုနှင့်အတူ ဝူမိသားစုက သူတို့နေရာကိုပြန်လိမ့်မယ်လို့ ယူဆလိုက်တယ်။ဒါကြောင့် ရီကျဲက ဝူယူကို ဖမ်းဖို့ ထွက်သွားခဲ့ပြီး လေးဆယ်ငါးမိနစ်ထက်နည်းတဲ့အချိန်မှာဘဲ ရီကျဲက သုံး-ခုနှစ်ကျောက်တုံးကို ကိုင်ဆောင်ပြီး ပြန်ရောက်လာတယ်။ဝူယုရဲ့အရိပ်အယောင်တော့ မတွေ့ဘူး။

ကျင်းရှင်က ဒေါသတကြီး ရီကျဲရဲ့ရင်ဘတ်ကို တွန်းလိုက်ပြီး ပြောလိုက်တယ်"ဘာကြောင့် သုံး-ခုနှစ်ကျောက်တုံးကိုဘဲ ပြန်ယူလာခဲ့တာလဲ?သုံး-ခုနှစ်ကျောက်တုံးကို ငါ့စီက ခိုးသွားတဲ့သူကရော ဘယ်မှာလဲ?"

COTAW(Zawgyi)Where stories live. Discover now