"သူတို့ကို စောင့်ကြည့်ဖို့စီစဉ်ထားတယ်။ဒါကြောင့် သူတို့က အလွယ်တကူ လှုပ်ရှားလို့ရမှာ မဟုတ်ဘူး"

"ငါတို့က အိမ်ပြန်ပြီး သူတို့ကိုသတ်ဖို့ အစီအစဉ်ကောင်းကောင်းချရမယ်"ဝူချန်ဇီက ပြောလိုက်တယ်။

"ဒါက စီစဉ်ပြီးသွားပြီ"ခေါင်းဆောင်ဝူက ပြုံးပြီးပြောလိုက်တယ်။

သူတို့က ပြိုင်ကွင်းကနေထွက်လာတဲ့အချိန်မှာတော့ နေလုံးဝင်သွာပြီဖြစ်တယ်။

"ငါက ဒီကနေ အသက်ရှင်ရက်ထွက်လာနိုင်တာ အံ့သြစရာဘဲ"ဝူရှိက အသက်ရှူထုတ်ပြီး ပြောလိုက်တယ်။

ပြိုင်ပွဲအတွင်းက သေခါနီးအတွေ့အကြုံသုံးခုက သူမကို ကြောက်လန့်စေတုန်းဘဲ။ပြိုင်ပွဲအတွင်းမှာ ဂိုလင်းမြို့က ဝူမိသားစုဝင်အများစုက သေဆုံးသွားကြတယ်။ဂိုလင်းမြို့က ဝူမိသားစုဝင်တွေအကြောင်းတွေးမိတာနှင့် သူမကကံကောင်းလို့ အသက်ရှင်ကျန်ရစ်တာလို့တွေးမိတယ်။

"မင်းက တကယ့်ကိုအရူးမလေးဘဲ"ဝူချွင်ချင်က ပြုံးပြီးပြောလိုက်တယ်။

ဝူချန်လွီက တစ်လျှောက်လုံးပြုံးနေခဲ့တယ်။

ဝူရုန်က သူတို့ဘက်ကို လျှောက်လာတဲ့အမျိုးသားတစ်ယောက်ကို တွေ့တဲ့အချိန်မှာ သူ့အပြုံးကအေးခဲသွားတယ်။သူက အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ကြည့်ကောင်းတဲ့ရုပ်ရည်နှင့် တော်ဝင်အငွေ့အသက်တွေရှိတယ်။သူ့ရဲ့အသားရည်က ဖြူရော်ပြီး သူ့နှုတ်ခမ်းတွေက ပါးလွတယ်။သူက ဝူရုန်ကို စိုက်ကြည့်နေပြီး သူ့မျက်ဝန်းတွေကပြုံးနေတယ်။သူ့ရဲ့လက်ထဲမှာ စာအုပ်ကိုကိုင်ထားပြီး အပြာရောင်လက်အိတ်ကို ဝတ်ဆင်ထားတယ်။

သူက ရှူဂျွန်ဘဲ။

ဝူရုန်ရဲ့နှလုံးကတုန်ရီလာတယ်။ဒီလူက ဟေးရွမ်ရီက သူကိုပြောပြထားတဲ့ ပုံစံနှင့်တူညီနေတာကြောင့် သူက ရှူဂျွန်ဆိုတာ သေချာတယ်။

ဒါပေမဲ့ သူကဘာလို့ဒီနေရာမှာ ရှိနေတာလဲ?သူ့ကိုသတ်ချင်လို့လား?

သူက အရင်ဆုံးထွက်ပြေးသင့်လား?

ကံကောင်းတာက ဝူချန်လွီက သူတို့ဘက်မှာ ရှိတာကြောင့် ရှူဂျွန်က သူတို့ကိုထိခိုက်အောင်လုပ်မှာ စိုးရိမ်စရာမလိုဘူး။ဒါ့အပြင်  ရှူဂျွန်က ကျင့်ကြံသူတွေ အများအပြားရှိနေတဲ့ ဒီနေရာမှာ သူ့ကိုထိခိုက်အောင်လုပ်ဖို့ ရူးနေတဲ့လူ မဟုတ်ဘူး။

COTAW(Zawgyi)Where stories live. Discover now