မထင်မှတ်ထားတာက.....

ကျိုးရွှင်ကတစ်ခဏလောက် ကြည့်လိုက်ပြီးတော့ သီချင်းစာအုပ်တွေကို အောက်ချလိုက်ပြီး ပြောလာတယ် "ပြောရရင် သီချင်းစာသားကိုကြည့်ရုံနဲ့ ဘာကိုမှမသိရနိုင်ဘူးလေ နှစ်ယောက်သားရဲ့သီချင်းတွေကို အဓိပ္ပာယ်လေး မိတ်ဆက်ပေးလို့ရမလား"

ကင်မရာမန်းက အနားပိုကပ်လာပြီးတော့ သီချင်းစာသားတွေကို ရိုက်ပြလိုက်တယ်။

လီရွှိအန်းက ကျိုးရွှင်ဇာတ်ထပ်ထည့်လိုက်လိမ့်မယ်လို့ မထင်ထားမိဘူး။ ဒါပေမဲ့တိုက်ရိုက်ထုတ်လွှင့်နေတာဖြစ်တာကြောင့် မြန်မြန်ပဲပြောလိုက်တယ် "ကျွန်တော်'တိုက်ပွဲအထွတ်အထိပ်'ကို ရေးနေတုန်းက စဥ်းစားနေမိတာကတော့ ကျွန်တော်တို့တစ်ဖွဲ့လုံးပါပဲ ကျွန်တော်တို့အားလုံးက အောင်ပွဲရစစ်သည်တော်တွေ ဖြစ်လာနိုင်တယ်။ ကျွန်တော်တို့'StarLight'ကို လာကတည်းက အခက်အခဲတွေအားလုံးကို အတူတူရင်ဆိုင်ဖို့ ရောက်လာကြတာလေ အဲ့တာကြောင့် အားလုံးစုပေါင်းပြီး ကျွန်တော်တို့ရဲ့ မကြောက်ရွံ့တတ်တဲ့ သတ္တိတွေကိုဖော်ထုတ်ပြရမယ်"

တခြားသူတွေအားလုံးလည်း ခေါင်းငြိမ့်ကြတယ်။

ဒါပေမဲ့လီရွှိအန်းပြောတာ ယေဘုယျဆန်ဆန်ပဲဖြစ်တယ်။ တကယ်တော့ အရမ်းလည်းသူတို့ကို စိတ်လှုပ်ရှားစေသွားတာမျိုး မဟုတ်ပါဘူး။

ကျန်ရှင်းဆွေ့အလှည့်ရောက်တော့ သူကလီရွှိအန်းလိုမျိုး စကားပြောဖို့အဆင်သင့်ဖြစ်နေတာမျိုး မဟုတ်ဘူး။ သူ့သီချင်းသူခဏလောက်ကြည့်နေပြီးတော့မှ ပြောလာတယ် "ကျွန်တော်'အလင်းမှိန်မှိန်ကို'ဖန်တီးနေတုန်းက ဘာကိုမှစဥ်းစားနေမိတာမျိုးမဟုတ်ဘူး"

".........."

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားရတော့တယ်။ ဒီကလေးကတော့ ကိုယ့်လမ်းကိုဂရုမစိုက်တတ်လိုက်တာ။

"ကျွန်တော်စဥ်းစားနေတာ ဒီကိုစရောက်လာတဲ့အချိန်တုန်းက ကျောင်းသားအယောက်၁၀၈ယောက်... လူအရမ်းများတယ်" ကျန်ရှင်းဆွေ့ ပြောလာတယ် "အဲ့အချိန်တုန်းက ဒါရိုက်တာတွေကျွန်တော်တို့ကို ပြောခဲ့ဖူးတယ် 'StarLight'အစီအစဥ်က ဒီကိုလာတဲ့တစ်ယောက်ချင်းစီ ကိုယ့်အလင်းကိုတောက်ပလာအောင် လုပ်နိုင်ဖို့ပဲတဲ့"

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now