"ကျုပ်လည်း မသိဘူး"ဟေးရွမ်ရီက ပြောလိုက်တယ်။
တကယ်ကိုဘဲ သူက ဘာတွေဖြစ်ပျက်ခဲ့မှန်းကို မသိပါဘူး။သူတို့တွေ စာရင်းသွင်းတဲ့နေ့တုန်းက ဝူရုန်က ဒေါသတကြီးပြန်လာခဲ့ပြီး ပြိုင်ပွဲအကြောင်းကို ဘာမှမပြောခဲ့ဘူး။
ဂေါင်တုန်က သူမသားအတွက် စိုးရိမ်သွားတယ်။အဆင့်ခြောက်ပြိုင်ပွဲကို မပြောနဲ့အုန်း။အဆင့်သုံး အဆင့်လေး အဆင့်ငါးပြိုင်ပွဲတွေကတောင် ရက်စက်လွန်းတယ်။သူမက ဝူရုန်က စိတ်စွမ်းအင်ရှိတာကို သိနေပေမဲ့လည်း သူမက ဝူရုန်က တိုက်ခိုက်တဲ့အတွေ့အကြုံမရှိတာ စိတ်စွမ်းအင်လုံလောက်အောင် မသန်မာကို စိုးရိမ်နေတုန်းဘဲ။သူမက ဝူရုန်ရဲ့လျှို့ဝှက်စွမ်းရည်တွေအကြောင်းတွေးမိတော့ ဝူရုန်ကို ဒီလောက်ထိမစိုးရိမ်တော့ဘူး။
"သူနိုင်လိမ့်မယ်မလား?ဟုတ်တယ်မလား?"ဟေးရွမ်ထန်က ဝမ်းနည်းစွာ ပြောလိုက်တယ်"ငါ့ရဲငွေတွေအကုန်လုံးကို သူ့အပေါ်လောင်းကြေးထပ်ထားတာ။သူသာရှုံးရင် ငါလည်းအားလုံးရှုံးသွားလိမ့်မယ်။အကိုကြီး ငါ့မင်္ဂလာဆောင်တဲ့အချိန်ကျရင် မင်းပေးရမယ်"
ဥကလေးက သူ့ဦးလေးကို လှည့်ကြည့်ပြီးပြောလိုက်တယ်"သားသားကလည်း သားသားရဲ့ပါးပါးကို သားသားရဲ့ငွေတွေအားလုံးလောင်းထားတယ်"
"မင်း ငွေတွေကို ဘယ်နေရာကနေရတာလဲ?"ဟေးရွမ်ထန်ကမေးလိုက်တယ်။
သူ့အကိုနှင့်မရီးက ကလေးကိုအရမ်းချစ်သော်လည်းဘဲ ဥကလေးကအရမ်းငယ်လွန်းတာကြောင့် သူတို့က ကလေးကိုပျက်စီးအောင် ငွေပေးကိုင်မှာမဟုတ်ဘူး။သူတို့ ကလေးတောင်းဆိုသမျှကိုသာ ဝယ်ပေးလိမ့်မယ်။
"သားက ကွတ်ခူးရဲ့အနီရောင်စာအိတ်ကို သုံးတာလေ။သားက နိုင်တဲ့အချိန်ကျရင် သားတို့ ဝေစုခွဲကြမယ်"ဥကလေးက ပြောလိုက်တယ်။
"ကွတ်ခူးက အနီရောင်စာအိတ်ကို ဘယ်ကနေရတာလဲ?"
"ဖေဖေက ကွတ်ခူးကိုပေးထားတာလေ။"
"အကိုကြီး မင်း ငှက်တစ်ကောင်ကိုတောင် အနီရောင်စာအိတ်ပေးတာလား?"ဟေးရွမ်ထန်က တုန်လှုပ်သွားတယ်။
283+285
Start from the beginning