အဲဒီအချိန်မှာဘဲ ဝင်ပေါက်ရဲ့မျှော်စင်ကနေ မိန်းမစိုးတစ်ယောက်က မိသားစုဆယ်စုက ကျင့်ကြံသူတွေကို ကြည့်ပြီး အော်လိုက်တယ်"အားလုံးဘဲ တိတ်တိတ်နေကြပါ"

လူတိုင်းက စကားပြောနေတာကို ရပ်တန့်လိုက်တယ်။

မိန်းမစိုးက လူတိုင်းအသံတိတ်သွားတဲ့ အချိန်ကို စောင့်ပြီးမှ စကားပြောလိုက်တယ်"ကျွန်တော်တို့ အရင်နှစ်တွေတုန်းက လုပ်ခဲ့တဲ့ ပြိုင်ပွဲတွေလိုမျိုးဘဲ ပြိုင်ပွဲဝင်သူတွေကို အဆင့်တူကျင့်ကြံသူတွေချင်း အုပ်စုဖွဲ့ပြီး တိုက်ခိုက်ရမယ်။စင်ပေါ်မှာနောက်ဆုံးကျန်ရှိသူက အနိုင်ရသူဖြစ်တယ်။ဒီပြိုင်ပွဲမှာ စည်းမျဉ်းသုံးခု သတ်မှတ်ထားတယ်။ပထမအချက်အနေနဲ့ မင်းတို့က စာရင်းသွင်းထားတဲ့အတိုင်း တိုက်ခိုက်ရမယ်"

ဝူချွင်ချင်နှင့်ဝူရှိက ဒီစည်းမျဉ်းကိုကြားတော့ မျက်မှောင်ကြုတ်လိုက်တယ်။

"ဒုတိယအချက်အနေနဲ့ တစ်ယောက်ကိုမှ မှော်လက်နက်တွေ အသုံးပြုခွင့်မပြုဘူး။စည်းမျိုးကို ချိုးဖောက်တဲ့လူက ပြိုင်ပွဲကနေ ကန်ထုတ်ခံရမယ်"

လူအုပ်ကြီးက ဒါကိုကြားတော့ ညည်းညူကြတယ်။သူတို့က မှော်လက်နက်တွေကို ပြင်ဆင်ခဲ့ပြီး အခုကျတော့ အသုံးမပြုရတော့ဘူး။

ဝူချွင်ချင်နှင့် ဝူရှိက ပိုပြီး တင်းမာလာတယ်။

မိန်းမစိုးက လူအုပ်ကြီးကို တည်ငြိမ်စွာ ကြည့်လိုက်ပြီး ဆက်ပြောလိုက်တယ်"တတိယအချက်က...."

လူတိုင်းက ပါးစပ်ပိတ်လိုက်တယ်။

"တတိယအချက်က တစ်ယောက်ကိုမှ ပြိုင်ပွဲမှာ ဒဏ်ရာရတာဖြစ်စေ သေဆုံးတာဖြစ်စေ လက်တုံ့ပြန်ကလဲ့စားချေခွင့်မပြုဘူး"

ဒါက လူအုပ်ထဲကို ဗုန်းတစ်လုံးပစ်ထည့်လိုက်သလိုဘဲ။

ဝူချန်လွီက မျက်မှောင်ကြုတ်ပြီး ပြောလိုက်တယ်"ဒီပြိုင်ပွဲက ဘာကြောင့် သူသေ ကိုယ်သေတိုက်ကြလို့ ပြောနေတာနဲ့တူနေတာလဲ?"

ဝူချွင်ချင်က ပိုပြီးပြင်းပြင်းထန်ထန် မျက်မှောင်ကြုတ်လိုက်တယ်။ဘာကြောင့် ဒီစည်းမျဉ်းက ဝူရုန်ကို ရည်ရွယ်တယ်လို့ ခံစားရတာလဲ?ဒါပေမဲ့ အဆင့်တစ်ကျင့်ကြံသူတွေက သုံးနှစ်ကနေ ငါးနှစ်အရွယ်အတွင်း ကလေးတွေသာဖြစ်ပြီး ခက်ထန်ကြမ်းတန်းရက်စက်စွာ တိုက်ခိုက်မှာ မဟုတ်ဘူး။

COTAW(Zawgyi)حيث تعيش القصص. اكتشف الآن