ဝူရုန်က သူ့ရဲ့လက်ကို မယုံနိုင်စွာကြည့်လိုက်ပြီး"ဒါပေမဲ့ ဘယ်လိုလုပ်ပြီးတော့လဲ?ကျွန်တော်က ခင်ဗျားတို့ကလန်ရဲ့အဖွဲ့ဝင် မဟုတ်ဘူးလေ။ကျွန်တော်က ဘယ်လိုလုပ်ပြီး....."

ဘယ်လိုဘဲ ရှားပါးပြီး ပါရမီထူးချွန်တဲ့ ကျင့်ကြံသူတွေဖြစ်စေ ပုံမှန်ကျင့်ကြံသူတွေဖြစ်စေ အမျိုးစားတူတဲ့ပညာရပ်ကိုသာ သင်ယူနိုင်တယ်။အကြောင်းရင်းကတော့ အမျိုးအစားမတူတဲ့ ပညာရပ်တွေကို လေ့ကျင့်တဲ့အခါ စိတ်စွမ်းအင်တွေက အချင်းချင်းဆန့်ကျင်တာကြောင့်ဖြစ်တယ်။ခန္ဓာကိုယ်ထဲမှာ စိတ်စွမ်းအင်နှစ်မျိုးရှိတယ်ဆိုရင် စိတ်စွမ်းအင်တွေက အချင်းချင်းဆန့်ကျင်ပြီး ခန္ဓာကိုယ်ပေါက်ကွဲပြီး သေဆုံးသွားလိမ့်မယ်။

ဝူရုန်ရဲ့ခန္ဓာကိုယ်က အစကတည်းက အထူးကောင်းမွန်တယ်။သူက ယင်ယန်ပညာရပ်ရော သူ့ရဲ့ကိုယ်ပိုင်အရိပ်စွမ်းရည်တွေကိုရော တစ်ချိန်ထဲအသုံးပြုနိုင်ခဲ့တာဖြစ်တယ်။ဒါပေမဲ့ သူကဘယ်လိုလုပ်ပြီး အခြားကလန်ရဲ့စွမ်းရည်တွေကို သင်ယူနိုင်ရတာလဲ?

ဒါပေမဲ့ ဘယ်အရာက သူ့ကို ဒီလိုထူးခြားစေတာလဲ?

သူက အခြားလူတွေရဲ့စိတ်စွမ်းအင်ကို စုတ်ယူလိုက်လို့ဖြစ်နိုင်လား?

------

ဟေးရွမ်ရီက ဝူရုန်နားကို ချဉ်းကပ်ပြီး ပြောလိုက်တယ်"ကိုယ်ထင်တာတော့ အနက်ရောင်ဈေးပိုင်ရှင်က မင်းက အခြားကလန်တွေရဲ့လျှို့ဝှက်စွမ်းရည်နည်းပညာရပ်တွေကို သင်ယူနိုင်မှန်းသိတာကြောင့် သူက မင်းကို အရိုးဖြူနည်းပညာကို ထပ်ခါထပ်ခါ မေးတာဖြစ်လိမ့်မယ်။ဒါကြောင့် သူက မင်းကိုအဲဒီလှုပ်ရှားမှုတွေကို ထပ်ခါထပ်ခါလုပ်ခိုင်းတာဖြစ်မယ်။သူက မင်းရဲ့ပါရမီကို အရိပ်အမြွက်ပေးချင်တာဖြစ်လိမ့်မယ်"

ဝူရုန်က ဒီရှာဖွေတွေ့ရှိမှုအတွက် အံ့သြနေမိတယ်။ဒါပေမဲ့ ဟေးရွမ်ရီ ပြောလိုက်တာက သူ့ကိုအသိဝင်စေတယ်။ဒါကြောင့် အနက်ရောင်ဈေးပိုင်ရှင်က သူ့ကို ထပ်ခါထပ်ခါပြောပြီး လှုပ်ရှားစေခဲ့တာလား?သူက ဘယ်လိုလုပ်ပြီး သူ(ဝူရုန်)က အခြားကလန်ရဲ့စွမ်းရည်တွေကို သင်ယူနိုင်တာကို သိနေရတာလဲ?

COTAW(Zawgyi)Where stories live. Discover now