Chapter - 24 (Part-2)

Start from the beginning
                                    

"အားလုံး အားမနာကြပါနဲ့"

"ဒါတွေအားလုံးကနေ့လည်တုန်းက ကျွန်တော်နဲ့ကျွန်တော့်အိမ်ကသူတွေ ကိုယ်တိုင်လုပ်ထားတဲ့ဟာ"

"လုံးဝအထင်မသေးနဲ့ကြနော်"

အန်းရန်ကဒီရိုက်ကူးရေးအဖွဲ့ထဲမှာ ကျော်ကြားပြီးသားဖြစ်တယ်။ သူကတခြားသူတွေအပေါ်လည်း အရမ်းရက်ရောလေတယ်။ သူကပေါင်းသင်းဆက်ဆံတဲ့အခါမှာ အဆင်ပြေပြေဆက်ဆံတတ်တယ်လို့ထင်ဟပ်စေတယ်။ ကျောင်းသားတွေအားလုံးက သူ့နားကိုပျော်ရွှင်စွာနဲ့ ဝန်းရံနေကြတယ်။

ကျန်ရှင်းဆွေ့က အန်းရန်နောက်မှာရပ်နေတဲ့ ကျန်ကုနဲ့ကျန်ခေါ့ကိုတွေ့လိုက်ရတယ်။ အဲ့ဒီ့သူအပေါ်ဆက်ဆံပုံက သူ့ကိုပေးတဲ့အေးစက်မှုတွေနဲ့လုံးဝမတူလေဘူး။ ဒီအချိန်မှာတော့ကျန်ကုက လုံးဝကိုကြင်နာတတ်တဲ့ အဖေတစ်ယောက်ပုံစံမျိုးဖြစ်တယ်။ တခြားကျောင်းသားတွေအပေါ်ကို ရင်းရင်းနှီးနှီးဆက်ဆံနေလေတယ် "အားလုံးများများစားကြနော် အားမနာနဲ့ ရန်ရန်ကမင်းတို့ကိုကူညီပေးဖို့အမြဲရှိတယ်နော်"

တခြားကျောင်းသားတွေ ဒီဦးလေးကအတော်ကြင်နာတတ်ပြီး ယဥ်ကျေးတာပဲလို့ တွေးနေကြတော့တယ်။

အဲ့ဒီ့အချိန်ကျမှပဲ ကျန်ရှင်းဆွေ့က သူ့အရင်အဖေက သူ့ကိုဘယ်လိုဂရုစိုက်ပေးရမှန်း မသိတာမဟုတ်ပဲ သူ့ကိုဂရုမစိုက်ချင်တာဖြစ်ကြောင်း သိသွားတော့တယ်။

သူကအနောက်ကစာအုပ်စင်မှာထိုင်နေလိုက်တယ်။ အစကဒီနေရာကတိတ်ဆိတ်ပြီး နှောင့်ယှက်မဲ့သူမရှိဘူးလို့ ထင်နေခဲ့တာ။ ဒါပေမဲ့သူ့ကိုမထင်မှတ်စေတာက သူအတတ်နိုင်ဆုံးမတွေ့အောင်နေနေပေမဲ့ သူစာမျက်နှာနောက်တစ်မျက်နှာကို လှန်လိုက်တဲ့အချိန်မှာ မထင်မှတ်ထားတဲ့တစ်စုံတစ်ယောက်က သူ့ဆီလျှောက်လှမ်းလို့လာတယ်။

"ရှင်းဆွေ့ မင်းကဒီမှာကိုး" အန်းရန်ကပစ္စည်းတွေကိုင်ထားပြီး အနားလျှောက်လာတယ် "တစ်ခုခု တူတူစားရအောင် ငါနဲ့အဖေနဲ့ပြီးတော့ ကောကောနဲ့တူတူလုပ်ထားတာ"

ကျန်ရှင်းဆွေ့စာအုပ်ကိုအောက်ချလိုက်ပြီးတော့ သူ့လက်ထဲကခြင်းကိုတစ်ချက်ကြည့်လိုက်တယ်။ အထဲမှာထည့်ထားတာက လက်ရာမြောက်တဲ့မုန့်အချို့ဖြစ်တယ်။ ပြီးတော့အဲ့မုန့်က ရေညှိပေါင်မုန့်ဖြစ်တယ်။ ငယ်ငယ်ကတည်းက သူရေညှိကိုမကြိုက်တာဖြစ်တယ်။ ပြီးတော့ရေညှိနဲ့လည်း နည်းနည်းဓာတ်မတည့်လေဘူး။ အဲ့တာကြောင့်သူက ခေါင်းခါလိုက်ကာ "ရှဲ့ရှဲ့ ငါဗိုက်မဆာပါဘူး"

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now