Chapter - 24 (Part-1)

Comincia dall'inizio
                                    

ရှန်ရှင်းချန်ကသက်ပြင်းတစ်ချက်ချပြီး "ကိုယ့်သားရဲ့ ရှိုးလာရမှာက မျက်နှာပျက်စရာကိစ္စလည်းမဟုတ်ဘူးလေ ဘာအလုပ်တွေများ များနေတာလဲ အဲ့လောက်အရေးကြီးနေတာ ကမ္ဘာကြီးကိုကယ်တင်ရမှာမလို့လား?"

ကျန်ရှင်းဆွေ့တစ်ခဏလောက် ဆွံ့အသွားတော့တယ်။

ရှန်ရှင်းချန်ကစိတ်ထဲမှာရှိတဲ့အတိုင်း တည့်ပြောတတ်တာဖြစ်တယ်။ အဲ့လိုဆိုပေမဲ့ လူ့စိတ်ကိုတော့ တကယ်နွေးထွေးသွားစေတယ်။ အလုပ်ကိစ္စတွေထောင်သောင်းချီနေတဲ့ ဥက္ကဌတစ်ယောက်တောင် အချိန်ပေးပြီးလာသေးတာပဲ။ သူတို့ကရောဘာတွေများအလုပ်များနေလို့ မလာနိုင်ရတာလဲ?

ချစ်တာနဲ့မချစ်တာ အစကတည်းက အသိသာကြီးပါပဲလေ။

ကျန်ရှင်းဆွေ့က ဝမ်းနည်းမှုတွေကို မျိုသိပ်ထားလိုက်ပြီး ပြုံးပဲပြလိုက်ကာ "ဟုတ်ပ...မင်းပြောတာမှန်တယ်"

..........

နောက်တစ်နေ့...

ဒီနေ့တော့ ဟောထဲမှာစည်ကားလို့နေတယ်။

ဒီနေ့မှာပြိုင်ပွဲဝင်တွေရဲ့ မိဘတွေနဲ့အမျိုးတွေက လာလည်ကြမှာဖြစ်တဲ့အတွက် အားလုံးကစိတ်လှုပ်ရှားနေကြတယ်။ သူတို့တော်တော်များများက မိသားစုဝင်တွေကို မတွေ့ဖြစ်တာတစ်လကျော်လောက်ကြာနေပြီဖြစ်တယ်။ ရဖို့မလွယ်ကူတဲ့အခွင့်အရေးဖြစ်လို့ တော်တော်များများက စိတ်လှုပ်ရှားနေကြတာသိသာလေတယ်။

မနက်အစောမှာ နည်းပြတွေကကျောင်းသားတွေကို စုခိုင်းလိုက်တယ်။ ဖုကျင်းရှောင်းကအရှေ့ဆုံးမှာရပ်နေတယ်။ ချောမောကျက်သရေရှိတဲ့ယောက်ျားလေးက ကျောင်းသားတွေရဲ့ထင်ပေါ်မှုကို ခိုးယူမိမှာစိုးရိမ်တာကြောင့် ပိုလို့သာမန်ကျတဲ့ အားကစားဝတ်စုံတစ်ထည်ကို ဝတ်ဆင်ထားတယ်။ အဲ့လိုဆိုပေမဲ့ ရုပ်ရှင်ဧကရာဇ်ဖုက ငယ်ရွယ်တဲ့ကျောင်းသားအများစုနဲ့မတူဘဲ သူ့ကိုယ်ပေါ်မှာရင့်ကျက်တဲ့ယောက်ျားတစ်ယောက်ရဲ့ ကျက်သရေရှိမှုမျိုးကို သယ်ဆောင်ထားတာက လူတွေရဲ့အကြည့်တွေကို မခွဲခွာနိုင်အောင်ဆွဲဆောင်ထားလေတယ်။

"ဒီနေ့နေ့လည် မင်းတို့ရဲ့မိဘတွေက ဟောထဲကိုလာကြလိမ့်မယ်။ အဲ့တာကြောင့် သူတို့လာရင် မင်းတို့ရဲ့စေတနာတွေပြင်ဆင်ထားသင့်တယ်" ဖုကျင်းရှောင်းကစားပွဲပေါ်က ဘောပင်ကိုညွှန်ပြလိုက်ပြီးတော့ "မင်းတို့ရဲ့အနာဂတ်အတွက် မျှော်လင့်ချက်တွေနဲ့ ဖြစ်ချင်တာလေးတွေကို ရေးချလိုက်ပါ ဒီစာကိုသိမ်းထားလိုက်ပြီးတော့ မိဘတွေလာတဲ့အချိန်ကျရင် မင်းတို့ရဲ့မိဘတွေဆီပေးလိုက်ပါမယ်"

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီDove le storie prendono vita. Scoprilo ora