ရွှီအန်းကျန်းက လက်ကိုင်ပဝါလေးကိုပြန်သိမ်းလိုက်ပြီးတော့ အသံဖျော့ဖျော့နဲ့ပြောလာတယ် "မင်းကလည်းဒီတစ်ခေါက်ပြိုင်ပွဲကို ဝင်ပြိုင်တဲ့ကလေးမလား မင်းအုပ်ထိန်းသူဒါမှမဟုတ် သူငယ်ချင်းတစ်ယောက်တစ်ယောက် လက်မှတ်ဝယ်ပြီးမင်းကိုလာကြည့်တဲ့သူရှိလား?"

ဂျန်ရှင်းဆွေ့တစ်ခဏလောက်တုံ့ဆိုင်းသွားပြီးတော့ သူဂျန်ကျစ်ကိုသတိရမိသွားတယ်။ ဒါပေမဲ့ဂျန်ကျစ်က သူ့ရဲ့အစ်ကိုမဟုတ်တော့ဘူးလေ။ အဲ့တာကြောင့်သူခေါင်းခါလိုက်ကာ အသံနိမ့်နိမ့်နဲ့ပြန်ဖြေလိုက်တယ် "မရှိဘူး"

ရွှီအန်းကျန်းက သူတစ်ယောက်ထဲဒီမှာဖြစ်နေတာကိုတွေ့ရတော့ စိတ်ထဲဝမ်းနည်းမှုလေးလှိုက်ခနဲခံစားလိုက်ရလေတယ်။ သူမက "မင်းနာမည်ဘယ်လိုခေါ်လဲ? ငါမင်းကိုမှတ်မိလောက်ပါတယ် ဘာလို့ဆို ငါ့သားကလည်း...."

တံခါးအပြင်ကရုတ်တရက်ပွင့်လာခဲ့ပြီးတော့ တစ်စုံတစ်ယောက်က ဝင်လာလေတယ်။

ရှန်ရှင်းချန်ကသူ့ဖျော်ဖြေဖို့ဝတ်စုံကို ဝတ်ဆင်ထားပြီးတော့ အထဲလျှောက်လာကာပြောတယ် "မား ဘာလုပ်နေတာလဲ?"

အနားကပ်သွားပြီးကြည့်လိုက်တော့ သူ့အမေတစ်ယောက်တည်းမဟုတ်တာ တွေ့လိုက်ရတယ်။ ပြီးတော့သူ့သူငယ်ချင်းလည်းရှိနေလေတယ်။ ဂျန်ရှင်းဆွေ့ရဲ့မျက်ရည်တွေက သုတ်ပြီးသွားပြီဖြစ်တယ်။ ဒါပေမဲ့မျက်လုံးတွေကတော့ နီနေဆဲဖြစ်ကာ သူငိုထားတယ်ဆိုတာ အရမ်းသိသာလွန်းလှတယ်။

ရှန်ရှင်းချန်က သံသယဖြစ်စွာနဲ့ "မင်းဘယ်လိုလုပ်ငိုထားတာလဲ?"

ဂျန်ရှင်းဆွေ့က ချီတုံချတုံဖြစ်စွာနဲ့ "မငိုပါဘူး..."

"မငိုဘူး? မင်းငါ့ကိုကန်းနေတယ်များမှတ်နေလား?" ရှန်ရှင်းချန်ရဲ့အသံက ဒေါသစွက်လို့နေတယ် "ဘယ်သူလဲ? မင်းကိုဘယ်သူအနိုင်ကျင့်လိုက်တာလဲ? မား မားဘယ်သူ့ကိုတွေ့မိသေးလဲ? သူကကျွန်တော့်ရဲ့ ညီငယ်အသစ်လေးလေ ကျွန်တော့ညီငယ်လေးကို အနိုင်ကျင့်ရဲမှတော့ ကျွန်တော်ဒီနေ့သေချာပေါက် သွားပြီး...."

ဂျန်ရှင်းဆွေ့ကအလျင်အမြန်ပဲ သူ့ကိုတားကာပြောလာတယ် "မရှိပါဘူး မရှိပါဘူး ကျွန်တော့မျက်ကပ်မှန်ပျောက်သွားလို့ မျက်လုံးကမသက်မသာဖြစ်နေလို့ပါ တကယ်ဘာမှမဖြစ်ပါဘူးကော ငါတို့ခဏနေရင် စင်ပေါ်တက်ရတော့မှာမလား ငါတို့ဖျော်ဖြေရတော့မှာကို မင်းကဘယ်လိုလုပ်ဒီရောက်လာတာလဲ?"

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now