အင်ပါယာအရှင်က ခဏလောက်တွေးပြီးတဲ့ နောက်မှာပြောလိုက်တယ်"မစ္စတာရန်က ဂရန်းမစ္စတာနေရာမှာ ယာယီတာဝန်ယူရမယ်"

ဝူချန်ဇီရဲအကြည့်တွေက ခက်ထန်လာတယ်။သူကခေါင်းငုံ့လိုက်ပြီး နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး စကားတစ်လုံးမှ မပြောဘူး။

လင်းမိုဟန်ရဲ့နှုတ်ခမ်းတွေက သိသာစွာဘဲ အပေါ်ကို ကော့တက်သွားတယ်။

မစ္စတာရန်က ဝူချန်ဇီလိုမျိုး အင်ပါယာနတ္ခတ်ပညာ စီမံခန့်ခွဲရေးမှာ အတော်ဆုံးလူတစ်ဖြစ်တယ်။

ကံမကောင်းစွာဘဲ ဝူချန်ဇီက သူ့ထက်အရာရာမှာ သာလွန်ထူးချွန်ျနခဲ့တယ်။အခုချိန်က သူ့အတွက် အလှည့်အပြောင်းလုပ်ဖို့ အကောင်းဆုံး အခွင့်အရေးသာဖြစ်တယ်။

ညီလာခံပြီးသွားတဲ့အချိန်မှာတော့ လင်းမိုဟန်က ပြုံးရွှင်နေတဲ့ မျက်နှာနှင့် အင်ပါယာခန်းမကနေ ထွက်လာခဲ့တယ်။

အပြင်မှာစောင့်နေတဲ့ လင်းကျီရှန်းက သူ့နားကို အမြန်သွားလိုက်ပြီး ပြုံးပြီး မေးလိုက်တယ်"အရှင်မင်းကြီးက ဆုချီးမြှင့်ခဲ့တာလား?"

လင်းမိုဟန်က ညီလာခံအတွင်းမှာ ဖြစ်ပျက်ခဲ့တာတွေကို သူ့ကိုပြောပြလိုက်တယ်။

လင်းကျီရှန်းက စိတ်လှုပ်ရှားစွာပြောလိုက်တယ်"နောက်ဆုံးတော့ ဒီလူအိုကြီးကို သူ့နေရာကနေ ကန်ထုတ်နိုင်ခဲ့ပြီဘဲ"

လင်းမိုဟန်က"ဒါက ယာယီဘဲ။တကယ်လို့ငါတို့က သူကိုလုံးဝကန်ထုတ်ချင်ရင် ငါတို့က ပိုကောင်းတဲ့အစီအစဉ်လုပ်ဖို့လိုတယ်"

သူက လင်းကျီရှန်းကို မေးလိုက်တယ်"မင်း ငါက ဆုမယူခဲ့လို့ ငါ့ကိုအပြစ်တင်သေးလား?"

လင်းကျီရှန်းက သူကိုမျက်လုံးလှန်ကြည့်လိုက်ပြီး"တကယ်လို့ အရှင်မင်းကြီးက ငါတို့ကို ဆုချီးမြှင့်မယ်ဆိုရင် ငွေတုံးတွေနဲ့ရတနာတွေဘဲဖြစ်မယ်။ဒါတွေက ငါတို့မှာရှိပြီးသားတွေဘဲ။ဒါ့အပြင် ငါတို့က ဒီရောဂါကို ကုသပေးဖို့ အအေးမိတာကို ကုသတဲ့ ဆေးတွေကိုသာရှာဖို့လိုခဲ့တယ်။မင်းက အဲဒီသခင်မကိုဘဲ ကျေးဇူးတင်သင့်တယ်။တကယ်လို့ သူမသာမရှိဘူးဆိုရင် ငါတို့ ဒီအချိန်မှာ အနိုင်ရနိုင်မဟုတ်ဘူး"

COTAW(Zawgyi)Where stories live. Discover now