အဲဒီလူက ဟေးရှင်းကို ဓားနှင့်ထောက်ပြီး ရှေ့တက်လာတယ်။ဝူရုန်နှင့်ဟေးရွမ်ရီက အဲဒီလူကို အနီးကပ်မြင်ရတဲ့ အချိန်မှ ဒီလူက လွန်ခဲ့တဲ့ရက်တုန်းက ကျင်းရှင်ကို လာရှာတဲ့ နတ်ဆိုးဆိုတာ သိသွားတယ်။

အဲဒီလူက ဝူရုန်ကို ကြည့်လိုက်တယ်။သူ့ရဲ့မူလအစီအစဉ်က ဝူရုန်ကို အပြင်ထွက်လာအောင် လှည့်စားပြီး ခြိမ်းခြောက်ဖို့ဖြစ်တယ်။အဲဒီအစား အိမ်တော်ထိန်းကသာ သူလှည့်စားမှုထဲကို ဝင်လာတာဖြစ်တယ်။

အဲဒီနောက်မှာတော့ သူကဝူရုန်ရဲ့ဘေးမှာ ကျင်းရှင်ကို တွေ့လိုက်ရတယ်။သူကဖျက်ခနဲ လှုပ်ရှားလိုက်ပြီး ကျင်းရှင်ဘေးကို ရောက်သွားတယ်။

ကျင်းရှင်က ထွက်ပြေးဖို့ ကြိုးစားလိုက်တယ်။

အဲဒီလူက လျှင်မြန်စွာ ကျင်းရှင်ရဲ့အင်္ကျီကိုဆွဲထားလိုက်ပြီးအေးစက်စွာ မေးလိုက်တယ်"ဘယ်ကိုထွက်ပြေးချင်နေတာလဲ?"

တကယ်လို့ ဒီအိမ်တော်ကိုသာ စွမ်းအားမြင့်အစီရင်က မကာကွယ်ထားဘူးဆိုရင် သူက ဒီလိုမျိုးနည်းလမ်းကို သုံးပြီး သူ့ကိုဖမ်းစရာမလိုဘဲ တိုက်ရိုက်ဘဲဝင်ဖမ်းလို့ရမှာဖြစ်တယ်။

"ရီကျဲ မင်းလက်က ငါ့ကိုလွတ်ပေးစမ်း"ကျင်းရှင်ကအော်လိုက်တယ်။

ရီကျဲက သူ့လက်ထဲက ခြောက်နှစ်သားကလေးကို ချုပ်ထားလိုက်ပြီး ကြည့်လိုက်ပြီး"ဘာကြောင့် မင်းက ဒီလိုမျိုးပြောင်းလဲသွားရတာလဲ?"

"ဘာကြောင့် ငါက မင်းကိုပြောပြဖို့လိုမှာလဲ?"ကျင်းရှင်က သူ့လက်မောင်းတွေကို တွန်းထုတ်ပြီး မေးလိုက်တယ်။

"သူတို့က တစ်ယောက်နဲ့တစ်ယောက် သိတာလား?"ဝူချွင်ချင်က ဝူရုန်ကို အသံနိမ့်ပြီးမေးလိုက်တယ်။

ဝူရုန်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်တယ်"သူတို့သိတာ ဖြစ်နိုင်တယ်။အဖေ  အမေကိုခေါ်ပြီး အဖေတို့က အရင်ဆုံးပြန်နားလိုက်အုန်း။ကျွန်တော်နဲ့ ရွမ်ရီက ဒီမှာနေပြီး ဘာဆက်လုပ်ရမလဲ ကြည့်ရအုန်းမယ်"

ဝူချွင်ချင်က ခေါင်းငြိမ့်လိုက်ပြီး ဂေါင်တုန်နှင့်ဝူရှိကိုခေါ်ပြီး သူတို့ခြံဝင်းကို ပြန်သွားလိုက်တယ်။

COTAW(Zawgyi)Where stories live. Discover now