မနက်တိုင်းမှာ ဝူရုန်က ဟေးရွမ်ရီထံက ဓားသိုင်းနှင့်ကျင့်ကြံခြင်းပညာရပ်တွေကို သင်ယူလေ့လာတယ် မဟုတ်ရင်တော့ သူ့ရဲ့တိုက်ခိုက်မှုကျွမ်းကျင်အောင် အခြားလူတွေနဲ့ ယှဉ်ပြိုင်တိုက်ခိုက်တယ်။

နေ့လယ်ပိုင်းမှာတော့ သူက တရားထိုင်တယ် မဟုတ်ရင် နူမူထံက ဆေးသန့်စင်တဲ့ပညာရပ်တွေကို သင်ယူတယ် မဟုတ်ရင် သူ့သားနှင့်အတူ အချိန်ဖြုန်းတယ်။သူ့ရဲ့ဘဝငအလွန် အလှုပ်ရှုပ်နေပေမဲ့  ငြိမ်းချမ်းတယ်။ဒီနရာမှ အမုန်းတရားတွေမရှိဘူး တစ်ယောက်ကို တစ်ယောက် သတ်စရာမလိုဘူး။သူ့ကို ဆန့်ကျင်တဲ့လူလည်းမရှိဘူး။ဒါပေမဲ့ အိမ်မှာနေနေရင်းနှင့်လည်း ပြသနာတွေက မရောက်လာနိုင်ဘူးလို့ မဆိုလိုဘူး။

တစ်ရက်မှာတော့ ဝူရုန်နှင့်ဟေးရွမ်ရီက နေ့လယ်စာစားပြီး နားနေတဲ့အချိန်မှာတော့ တံခါးစောင့်က တင်ပြလာတယ်"ကြင်ယာတော် လူတစ်ယောက်က ကြင်ယာတော်ကို တွေ့ချင်နေပြီး ကြင်ယာတော်ကို စာတစ်စောင်အကြောင်း ပြောစရာရှိတယ်လို့ ပြောပါတယ်"

ဝူရုန်က ဘယ်သူလဲဆိုတာ မတွေးမိတာကြောင့် မေးလိုက်တယ်"သူ့ကိုယ်သူ ဘယ်သူလို့ပြောလဲ?ဘယ်သူရေးတဲ့စာအကြောင်း ပြောဖို့လာတာလဲ?"

"သူက ဘာမှ မပြောခဲ့ဘူး"

ဟေးရှင်းက ဖုန်းကွယ်ထားတဲ့ အန္တရာယ်ရှိမှာစိုးတာကြောင့် အကြံပေးလိုက်တယ်"ကျွန်တော်က ဘယ်သူလဲဆိုတာ အရင်သွားကြည့်ပြီးမှ ကြင်ယာတော်ကို လာပြောပြမယ်လေ"

ဝူရုန်က ခေါင်းငြိမ့်လိုက်တယ်။

ဟေးရှင်းက ထွက်သွားပြီး မကြာခင်မှာတော့ ဝင်ပေါက်မှာ တစ်ခုခုမှားယွင်းတာဖြစ်ပျက်သွားတယ်။သူတို့က ခန်းမရဲအပြင်ကို ပြေးထွက်လာပြီး ဝင်ပေါက်ကို ရောက်လာတဲ့အချိန်မှာတော့ သူတို့က ဟေးရှင်းရဲ့လည်ပင်ကို ဓားထောက်ပြီး ဟေးရှင်းရဲ့အသက်ကို ခြိမ်းခြောက်နေတဲ့ တစ်စုံတစ်ယောက်ကို မြင်လိုက်ရတယ်။

လူတိုင်းက ရှေ့တက်သွားကြတယ်။

"မင်းကဘယ်သူလဲ?ဘာကြောင့် ငါတို့အိမ်တော်ထိန်းကို ခြိမ်းခြောက်နေရတာလဲ?"ဟေးဂန်းကအော်လိုက်တယ်။

COTAW(Zawgyi)Where stories live. Discover now