"ငါက ငါ့လူတွေနဲ့သူတို့ကိုသွားသတ်မယ်"နူမူကအော်လိုက်တယ်။

ဝူရုန်က သူ့ကိုတားလိုက်ပြီးပြောလိုက်တယ်"ဘာစီရဲ့လိင်တံကျိုးသွားကတည်းက သူတို့ကနိုးကြားနေလိမ့်မယ်။ဒါကဘဲ ဘာကြောင့် သူတို့က ဗုဒ္ဓလက်နက်ကို ပြင်ဆင်ထားတယ်လဲဆိုတာဘဲ။ဟေးရန်က သူတို့ကို သတ်ဖို့လာသွားတာကြောင့် သူတို့က ကျွန်တော်တို့က ဘာစီကိုထိခိုက်အောင် လုပ်တဲ့သူဆိုတာ သိသွားလောက်ပြီ။တကယ်လို့ ကျွန်တော်တို့က သူတို့ကို ထပ်ပြီးသွားတိုက်မယ်ဆိုရင် သူတို့ ကြိုတင်ပြင်ဆင်မှုကိုလုပ်ထားလိမ့်မယ်။မဟုတ်ရင် ထွက်ပြေးဖို့လုပ်ထားလိမ့်မယ်။နှစ်မျိုးလုံးအတွက် ကြိုတင်ပြင်ဆင်ထားတာလည်းဖြစ်နိုင်တယ်"

သူ့စကားပြောလို့မဆုံးခင်မှာဘဲ မကောင်းဆိုးဝါးတစ်ကောင်က လာရောင်တင်ပြလာတယ်"စန်းခဲ့တို့အဖွဲ့ကမြေအောက်လမ်းကြောင်းကနေထွက်သွားပြီ။ကျွန်တော်တို့ကသူတို့ကိုရှာတွေ့ဖို့ကျဆုံးခဲ့တယ်"

နူမူကအလွန်ဒေါသထွက်သွားတယ်။

ဟေးရွမ်ရီက ဟေးရင်းကို ဟေးရန်ကို သူ့အခန်းကိုလိုက်ပို့၍အနားယူစေလိုက်ပြီး ကျန်တဲ့သူတွေကို စန်းလွန်တို့နောက်ကို ဆက်ပြီးခြေရာခံလိုက်ဖို့အမိန့်ပေးလိုက်တယ်။

"စန်းခဲ့က အရမ်းသတိကြီးတယ်။သူတို့ကို အလွယ်တကူရှာတွေ့မှာမဟုတ်ဘူး"နူမူကပြောလိုက်တယ်။

ဟေးရွမ်ရီက သူ့ကို ကြည့်ပြီးပြောလိုက်တယ်"ဘာစီက မကြာခင်ဒီကိုလာလိမ့်မယ်"

နူမူက သူပြောတာကို နားလည်သွားတော့ သူကရယ်ပြီးပြောလိုက်တယ်"မင်းပြောတာမှန်တယ်။ငါ ဘယ်လိုလုပ်မေ့နေပါ့လိမ့်!ဘာစီကိုသာ ငါတို့မျက်စိရှေ့မှာ ထိန်းထားနိုင်ရင် စန်းခဲ့ကလည်းပေါ်လာလိမ့်မယ်"

"ဆရာသခင် အခုကအရမ်းနောက်ကျ..."

ဝူရုန်စကားမဆုံးခင်မှာဘဲ နူမူကပြုံးပြီးပြောလိုက်တယ်"ငါအခုသွားတော့မယ်။မင်းတို့အချစ်ငှက်နှစ်ကောင်ကို ထားရစ်ခဲ့တော့မယ်"

သူထွက်သွားပြီးနောက် ဝူရုန်က ဟေးရွမ်ရီကိုမေးလိုက်တယ်"ဟေးရွမ်ရီ ခင်ဗျားကမကောင်းဆိုးဝါးတွေလိုမျိုး ဗုဒ္ဓလက်နက်တွေနဲ့ဗုဒ္ဓအလင်းကို ကြောက်သလား?"

COTAW(Zawgyi)Where stories live. Discover now