ကိုယ်ပါသာဘာသာပြန်အထင် :

[ရိုးသားစမ်းပါ အမှန်အတိုင်းပြော ကြားလား]

ရုပ်ရှင်ဧကရာဇ်ဖုကသာ အကျပ်ကိုင်ချင်တယ်ဆိုရင် ဘာခြိမ်းခြောက်တဲ့အပြုအမူမှမလုပ်ပဲ ဒီတိုင်းပေါ့ပေါ့ပါးပါး စကားလေးတစ်ခွန်းနဲ့တင် မင်းကိုစိုးရိမ်ကြောင့်ကြမှုတွေ ခံစားရအောင်လုပ်လို့ရတယ်။

ဒီစကားကဂျန်ရှင်းဆွေ့ကို အမှန်အတိုင်းပြောဖို ဆုံးဖြတ်ချက်ချနိုင်စေခဲ့တယ်။ သူ့ခေါင်းပေါ်ကဖိအားတွေရဲ့အောက်မှာ သူစိတ်ဆုံးဖြတ်ချက်ချလိုက်နိုင်ပြီဖြစ်တယ်။ သူသက်ပြင်းချလိုက်ပြီး "ကျွန်တော်ဒီကိုလာတာက ပထမတစ်ပတ်မှာ အရွေးခံရတယ်ဆိုရင် ယွမ်၂သောင်းရမယ်ဆိုလို့ပါ ကျွန်တော်ပိုက်ဆံလိုနေလို့လေ"

"........."

ရိုက်ကွင်းတစ်ခုလုံးတိတ်ဆိတ်သွားတော့တယ်။

ပုံမှန်ဆိုရင်တော့ဒီလိုကိစ္စမျိုးက လက်သင့်မခံနိုင်စရာဖြစ်နေပေမဲ့ ဘာကြောင့်မှန်းမသိ မျက်နှာတည်ကြီးနဲ့ ဂျန်ရှင်းဆွေ့ပါးစပ်ထဲက ထွက်လာတဲ့အခါမှာတော့ ရယ်စရာကောင်းနေတော့တယ်။

လီလောင်ရှီးထိန်းမထားနိုင်တော့ပဲနဲ့ အော်ရယ်တော့တယ်။

ထူရာလည်းအစကတော့ တခစ်ခစ်ရယ်နေတာ။ ဒါပေမဲ့ဘယ်လောက်မှထိန်းမထားနိုင်လိုက်ပါဘူး။ နည်းပြထိုင်ခုံနားလေးမှာ ငွေဆည်းလည်းသံလေးက ရှင်းလင်းစွာထွက်ပေါ်လာတော့တယ်။ ဖုကျင်းရှောင်းတစ်ယောက်ပဲ ပိုလိုငြိမ်သက်နေနိုင်တာဖြစ်တယ်။ တော်ဝင်တဲ့ကောင်လေးရဲ့မျက်နှာပေါ်မှာ ဘာအမူအရာမှထူးထူးခြားခြားပေါ်မနေဘူး။ ဂျန်ရှင်းဆွေ့ကိုပဲ နားမလည်စွာစိုက်ကြည့်နေလေတယ်။

လီလောင်ရှီးက အရယ်လွန်ပြီးတော့ "မင်းအတည်ကြီးလား?"

ဂျန်ရှင်းဆွေ့ကမြန်မြန်ပဲခေါင်းငြိမ့်ပြလိုက်တယ်။

လီလောင်ရှီးကမယုံသေးဘဲ ဆက်မေးတယ် "မင်းဒီကိုလာတာတခြားအကြောင်းရင်းမရှိတော့ဘူးလား? ဥပမာစင်ပေါ်မှာဖျော်ဖြေရတာကြိုက်တာမျိုးပေါ့"

ဂျန်ရှင်းဆွေ့က ခါးသက်စွာပြုံးလိုက်တယ်။ သူအမှန်တိုင်းပြောမယ်လို ဆုံးဖြတ်ပြီးကတည်းက အကျိုးဆက်တွေကိုမျှော်မှန်းထားပြီးသားဖြစ်တယ်။ သူဦးညွှတ်လိုက်ပြီးတော့ အရာအားလုံးကိုလက်ခံဖို အသင့်ဖြစ်နေတဲ့ပုံစံနဲ့ "ဖြစ်ချင်တဲ့ဆန္ဒဆိုတာက နေထိုင်မှုအဆင်ပြေမှ စဉ်းစားပြီးလုပ်နိုင်တဲ့အရာပါ ကျွန်တော်က အခုအဲ့လိုမလုပ်နိုင်သေးပါဘူး လောင်ရှီးတို့ကိုတောင်းပန်ပါတယ် ဒီစတိတ်စင်ကြီးကိုလည်းအားနာရပါတယ်"

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now