Chapter 83: Accused of Prodigal

Start from the beginning
                                    

ငွေရှစ်ထောင်၊ အဲဒါ ဘယ်လောက်တောင်များလဲ! ရှောင်ချင်းယန်သည် သူမအား လစဉ် ငွေရာဂဏန်းမျှသာ ပေးသည်။ ကံကောင်းထောက်မစွာဖြင့်၊ သူမ၏မိဘများက သူမအား တစ်စုံတစ်ခုပေးလိမ့်မည်၊ မဟုတ်ပါက.... သူမသည် အဝတ်နှင့် လက်ဝတ်ရတနာများကိုပင် မဝယ်နိုင်​လောက်ပေ။

ရှောင်​ရှောင်ဖန်က အသက်ဘယ်လောက်ရှိသေးလို့လဲ! ကလေးလေးပဲ​လေ။ ဒါကိုထိန်းသိမ်းဖို့ ငွေသုံးထောင် ဘယ်ကရလာတာလဲ?

ရှောင်ယွဲ့ဖုန်းက ခေါင်းယမ်းလိုက်ပြီး " မဟုတ်ဘူး၊ ချွမ်စန်းက လည်းဒါကို တွေ့လိုက်တယ်။ မေမေ မယုံရင် သူ့ကို မေးလို့ရပါတယ်! ငွေသုံးထောင်ပါ၊ အရူး​လေးက ကျောက်တုံးတွေ အများကြီးကို တကယ်ဝယ်ခဲ့တယ်။ "

ကျန်း​ဖေးအာ: " ....... " ရှောင်ကျင့်ထျင်ကဘယ်လို​တွေ တွေးထားပြီး ကလေးတွေကို ပိုက်ဆံအများကြီးပေးခဲ့တာလဲ!

ရှောင်ချင်းယန်က မျက်လုံးများကို မှိတ်ထားလိုက်သည်။ ဒီနေ့ ရှောင်ကျင်းဖုန်း၏ ဆိုင်ကိုသွားကြည့်ခဲ့ပြီး စီးပွားရေးက တကယ်ကောင်းနေသည်ကို တွေ့ခဲ့ရသည်။ တကယ်တော့ ဒီနေ့ရာသီဥတုဆိုးရွားမှုကြောင့် စီးပွားရေးက ပုံမှန်လောက် မကောင်းဘူးလို့ ပြောလိုက်သည်ကိုလည်း သူကြားလိုက်၏။ ရှောင်ချင်းယန်သည် ကျန်း​ဖေးအာက စာထဲတွင်ချဲ့ကားပြီး လုပ်ငန်းက ထူးထူးခြားခြားကောင်းမွန်တယ်လို့ ပြောခဲ့သည်ဟု ထင်ခဲ့မိသည်။ ယခုသူသွားကြည့်မိ​သောအခါတွင် စီးပွားရေးက ဘယ်လောက်တောင်ကောင်းနေလဲဆိုတာကို မျက်မြင်​တွေ့ခဲ့ရသည်။

သူ့အဖေနဲ့အမေက သူ့ဒုတိယညီနဲ့ တတိယညီကို ကူညီပေးဖို့ တောင်းဆိုခဲ့ပေမယ့် အဲဒီတုန်းက သိပ်ဂရုမစိုက်ခဲ့ပေ။ ယခုအချိန်မှ သူတို့ကို ဂရုစိုက်လိုက်မယ်ဆိုလျှင် သိပ်နောက်ကျသွားမည်ကို သူ​ကြောက်မိသည်။ ရှောင်ချင်းယန်သည် သူ၏ ပေါ့လျော့မှုကြောင့် အခွင့်အရေးကောင်းကို လက်လွှတ်လိုက်ရသည့်အတွက် စိတ်မကောင်းဖြစ်နေမိသည်။

" မေမေ၊ ကလေးတွေက ငွေအများကြီး ရှိစရာမလိုဘူးလို့ ပြောခဲ့ဖူးတယ်မဟုတ်လား? ဒါပေမယ့် အခုအရူးလေးမှာ ငွေသုံးထောင်တောင်ရှိနေတယ်။ " လို့ ရှောင်ယွဲ့ရုန်က မကျေမနပ်ဖြစ်စွာပြောလိုက်သည်။

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းWhere stories live. Discover now