"ပါးပါး ပါးပါးက သားကိုနာအောင်လုပ်မိနေပြီ"ဥကလေးကနှုတ်ခမ်းဆူလိုက်တယ်။

"တောင်းပန်ပါတယ်"ဝူရုန်က သူပွေ့ဖက်ထားတာကိုလျော့ပေးလိုက်တယ်။ဒါကအရင်ဘဝတုန်းက ဟေးရွမ်ရီကပေးထားတဲ့ သူ့ရဲ့တန်ဖိုးအကြီးဆုံးရတနာလေးဘဲ။သူကဒီကလေးလေးကို အလွန်ကိုချစ်ခင်မြတ်နိုးတယ်။

"ပါးပါး နေလို့ကောင်းရဲ့လား?"ဥကလေးက ဝူရုန်ရဲ့လည်ပင်းကို သူ့လက်တွေနဲ့သိုင်းဖက်ထားလိုက်တယ်။

"ပါးပါးက နေကောင်းပါတယ်"ဝူရုန်က ဥကလေးကသူ့ကိုအရမ်းဂရုစိုက်တာကြောင့် ပျော်ရွှင်သွားတယ်။သူကတစ်ခါတစ်ရံမှာ ဆိုးသွမ်းသော်လည်းဘဲ သူ့ကိုတော့အရမ်းဂရုစိုက်တယ်။

ကျင်းရှင်ကလှောင်လိုက်တယ်"ငါမင်းကိုပြောမယ်။မင်းကတကယ်ကို အားနည်းတာဘဲ။မင်းကဒီသေးငယ်တဲ့ပုံစံနဲ့ ကိစ္စကြီးတွေကိုဘယ်လိုဖြတ်ကျော်နိုင်မှာလဲ?"

ဝူရုန်က သူ့ကိုမရှင်းပြဘူး။သူကဥကလေးကို အောက်ချပေးလိုက်ပြီး သူကဟေးရွမ်ရီရဲ့မျက်နှာဖုံးတုကို ထုတ်ယူလိုက်ပြီးမေးလိုက်တယ်"ကျင်းရှင် မင်းကဒီအရည်နဲ့ပတ်သက်ပြီး တစ်ခုခုသိသလား?"

ကျင်းရှင်ကမျက်နှာဖုံးကိုစစ်ဆေးလိုက်ပြီး မေးလိုက်တယ်"ဒါကဆွေးမြေ့တိုက်စားမှုကိုဖြစ်စေတဲ့ဟာလား?"

"ဟုတ်တယ်"

ကျင်းရှင်က အနံ့ခံကြည့်လိုက်ပြီး "ဒီမှာအနံ့နည်းနည်းရှိတယ်။မွန်းစတားရဲ့တံတွေးလိုဘဲ"

ဝူရုန်ကလည်းဒါကိုသဘောတူတယ်။ဟွန်ရီရဲ့တံတွေးကလည်း ဆွေးမြေ့တိုက်စားနိုင်တယ်လေ။

ကျင်းရှင်က ကွတ်ခူးနဲ့ဟွန်ရီကိုဟလက်ညှိုးထိုးလိုက်ပြီးပြောလိုက်တယ်"မင်းသူတို့ကို မေးနိုင်တယ်။သူတို့ဒီတံတွေးက ဘာတံတွေးအမျိုးစားလဲဆိုတာသိလိမ့်မယ်"

ဝူရုန်ကသူတို့ကို ပြလိုက်တယ်။

ကွတ်ခူးကအနံ့ခံလိုက်ပြီး"ကွတ်ခူး"

ဟွန်ရီကလည်းအနံ့ခံလိုက်ပြီး"ဝူဝူ"

ဝူရုန်ရဲ့မျက်လုံးတွေကပျူးကျယ်သွားပြီး "မင်းတို့က မင်းတိုစကားပြောနိုင်တာကို ငါမသိဘူးလို့များထင်နေတာလား?"

COTAW(Zawgyi)Where stories live. Discover now